မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကနေ ရေဖောက်ချလို့ ဒေသခံ ၅၀၀ ကျော် ဘေးလွတ်ရာပြောင်းရွှေ့

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကနေ ရေဖောက်ချလို့ ဒေသခံ ၅၀၀ ကျော် ဘေးလွတ်ရာပြောင်းရွှေ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်ကနေ အောက်တိုဘာ ၁၂ ရက် ဒီနေ့ ညနေပိုင်း ဆည်ရေတွေဖောက်ချတာကြောင့် အခုညပိုင်းမှာ ကျေးရွာတွေထဲအထိ ရေတွေတက်လာတဲ့အတွက် ကျေးရွာလေးရွာကပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းရာကနေ ဆည်တော်ကြီးဆည် ရေပြည့်လာတာကြောင့် အခုလို ရေဖောက်ချတာလို့ ဒေသခံတွေက ဆိုပါတယ်။ 

"အရင်ကဆို ရေလွှတ်မယ်ဆိုရင် ရပ်ရွာတွေကို လိုက်ပြီးအော်တာမျိုးရှိတယ်။ အခုက ဘယ်သူမှ မပြောဘဲ ရေလွှတ်လိုက်တာ။ ဒါက ညပိုင်းဆို အန္တရာယ်ရှိနိုင်တယ်" လို့ မတ္တရာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။


မတ္တရာမြို့မြောက်ဘက် ဆည်တော်ကြီးဆည်ကနေ ဒီနေ့ ညနေ ၄ နာရီခွဲလောက်ကစပြီး ရေတွေလွှတ်နေတဲ့အတွက် အခုညပိုင်းမှာ ဝေါရွာ၊ ဝန်စုရွာ၊ ရေချောင်းဘိုရွာနဲ့ ရွာသစ်ရွာထဲကို ရေတွေဝင်လာတာကြောင့် ဒေသခံ ၅၀၀ ကျော် ရွှေ့ပြောင်းနေရတာလို့ သူက ဆက်ပြောပါတယ်။  

ရေလွှတ်တဲ့ပမာဏက အရင်နှစ်ကထက်ပိုများပြီး ညပိုင်းအထိ ရေတွေက တရိပ်ရိပ်တက်နေတာကြောင့် ဒေသခံတွေလည်း စိုးရိမ်နေကြပါတယ်။  

လက်ရှိမှာ အဲ့ဒီကျေးရွာကပြည်သူတချို့ဟာ ကုန်းမြင့်ရာဘက်ကိုပြောင်းရွေ့နေကြပြီး တိရစ္ဆာန်တွေကိုပါ ရွှေ့ပြောင်းနေကြတယ်လို့သိရပါတယ်။ 

စာတည်း - လင်းဇေ 

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #ဆည်တော်ကြီးဆည် #ဆည်ရေဖောက်ချ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10