မတ္တရာမြို့နယ်မှာ စစ်တပ်က ငါးရှာနေတဲ့သားအဖ ၂ ဦးကို ပစ်သတ်ပြီးနောက် ရွာထဲဝင်မွှေ

မတ္တရာမြို့နယ်မှာ စစ်တပ်က ငါးရှာနေတဲ့သားအဖ ၂ ဦးကို ပစ်သတ်ပြီးနောက် ရွာထဲဝင်မွှေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာကို စစ်တပ်က မနေ့ညနေပိုင်း ဝင်ရောက်ရာမှာ ငါးရှာနေတဲ့ သားအဖ ၂ ယောက်ကို ပစ်ခတ်ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထဲရေးဌာန၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါ တယ်။

ဇူလိုင် ၂၄ ရက် မနေ့ ညနေ ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက မတ္တရာ-မိုးကုတ်ကားလမ်းအနီးမှာရှိတဲ့ ညောင်အုပ်ကျေးရွာကို ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ ရွာအပြင်မှာ ငါးရှာနေတဲ့သားအဖအနက် ဖခင်ဖြစ်သူမှာ နေရာမှာတင်သေဆုံးပြီး သမီးဖြစ်သူ ဒဏ်ရာရကာ နောက်ထပ် ရွာခံတဦးလည်း သေဆုံးခဲ့တာဖြစ်ပါတယ်။  

သေဆုံးသူနှစ်ဦးဟာ ညောင်အုပ်ကျေးရွာမှ ဦးရွှေပြုံးနဲ့ ဦးသန်းလင်းဆိုသူဖြစ်ပြီး ဦးသန်းလင်းဟာ အသက် ၁၅နှစ်အရွယ်၊ သမီးဖြစ်သူ မအိဇာလင်းနဲ့ တံငါလုပ်နေစဥ် စစ်ကြောင်းကဝင်လာပြီး သားအဖနှစ်ဦးစလုံးကို ပစ်ခတ်သွားတာကြောင့် ဖခင်ဖြစ်သူ ဦးသန်းလင်းက နေရာမှာတင်သေဆုံးပြီး သမီးဖြစ်သူက ဒဏ်ရာရရှိခဲ့တာ လို့ သိရပါတယ်။

"ကိုယ့်ဒေသကိုယ် နေနေတဲ့အချိန် ရုတ်တရက်ဝင်ပြီး ပစ်တာခတ်တာပေါ့။ အင်အား ၃၀ လောက်ရှိတယ်။ အမျိုးသား နှစ်ဦးသေပြီး ၁၅ နှစ်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထဲရေးဌာန၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ဒေသခံနှစ်ဦးကို ဖမ်းဆီးပြီး ကျေးရွာအတွင်းက နေအိမ်တွေကို ဝင်ရောက်မွှေနှောက်နေတယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းကြောင့် ညောင်အုပ်၊ နတ်ကြီးစင်၊ မြွေပုံကန်အရှေ့၊ မြွေပုံကန်တောင်၊ ကောက်ရိုးပုံရွာက ဒေသခံ ၅,၀၀၀နီးပါး ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

အခုအချိန်ဟာ ညောင်မြစ်ရေလွှမ်းမိုးချိန်ဖြစ်တာကြောင့် ဒေသခံတွေဟာ ရှောင်တိမ်းရအခက်အခဲတွေဖြစ်နေတယ်လို့ မတ္တရာက စစ်ရှောင်ကူညီနေတဲ့သူတွေကလည်း ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #ညောင်အုပ်ကျေးရွာ #မီးရှို့ #စစ်ရှောင် #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10