မတ္တရာမြို့နယ်မှာ စစ်တပ်စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့ကာ ဒေသခံ ၂ ဦးကိုသတ်ဖြတ် (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို မနေ့က စစ်‌ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ ဒေသခံနှစ်ဦးကို သတ်ခဲ့ပြီး ကျေးရွာ၂ ရွာက နေအိမ် ၁၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖပြန်ကြားရေးဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနေ့က မနက် ၆ နာရီလောက်မှာ မတ္တရာမြို့ဘက်ကနေ စစ်အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းဟာ မတ္တရာမြို့အနောက်ဘက်က တောင်ကိုင်းရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး လူလတ်ပိုင်း ဒေသခံအမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဆောက်ချုံပေါက်ကျေးရွာကို ဆက်ဝင်ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃ လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

အဲ့ဒီနောက် အနောက်ဘက်က ဟင်္သာကုန်းရွာကိုဝင်ရောက်ပြီး အိမ်ခြေ ၇ လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အနီးပတ်ဝန်းကျင်ကဒေသခံတွေကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့သိရပြီး ဒီဖြစ်စဉ်နဲဲ့ပတ်သက်တဲ့အတည်ပြုချက်တော့ မရထားဘူးလို့ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှာလည်း မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းကနေ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းက သံခွန်သင်္ဘောနဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေပြီး စုပေါင်းကျွန်းနဲ့ ဒေါင်းကျွန်းကျေးရွာ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးဝန်းကျင်ကျေးရွာတွေကို မွှေနှောက်နေတယ်လို့သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မတ္တရာ #မီးရှို့#စစ်တပ် #စစ်ကြောင်းထိုး #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10