မတ္တရာမြို့နယ်အတွင်း တိုက်ပွဲဆင်နွှဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အထောက်အပံ့တွေ လိုအပ်နေ

မတ္တရာမြို့နယ်အတွင်း တိုက်ပွဲဆင်နွှဲနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် အထောက်အပံ့တွေ လိုအပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် တော်လှန်ရေးတပ်တွေအတွက် စစ်အသုံးစရိတ်အပါအဝင် တခြားအထောက်အပံ့မှုတွေ လိုအပ်နေတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

"ဆိုင်ကယ်ဆီဖိုးကအစ ကုန်တယ်လေ။ တနေ့လုံးပွဲက ဆက်တိုက်တွေဖြစ်နေတာ။ မိုင်းဆွဲရတာလည်း ကုန်ကျ စရိတ်တွေများတာမို့ နီးစပ်ရာတွေကနေ ကူညီပေးကြဖို့ တောင်းဆိုပါတယ်" လို့ ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ပြန်လည်စတင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ဇွန် ၂၇ ရက်အထိ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဇွန် ၂၅ ရက် မနက်ပိုင်းကစတင်ပြီး မန္တလေး PDF နဲ့ မတ္တရာမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ရာမှာ အဆိုပါတပ်ရင်းကို သိမ်းယူထားနိုင်ပြီလို့ သိရပါတယ်။

ဒီနေ့မှာလည်း စစ်ကောင်စီက အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်အနီးကို ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းက နယ်မြေတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းယူထားနိုင်ပြီး ဇွန် ၂၆ ရက်က မန္တလေးဘက်ကနေတက်လာတဲ့ စစ်ကောင်စီ စစ်ကူကားတွေလည်းကျောက်တံတားကျေးရွာအနီးမှာ မိုင်းဆွဲခံခဲ့ရပြီး သေဆုံးသူရာဂဏန်းနီးပါးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံစာ - မတ္တရာ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည့် စစ်ကောင်စီ တိုက်လေယာဉ်တစီးအား တွေ့ရစဉ်။

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #တော်လှန်ရေးတပ် #စစ်အသုံးစရိတ် #ပြင်ဦးလွင်ခရိုင် #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10