မတ္တရာမြို့နယ် အနောက်ခြမ်းမှာ စစ်တပ်က ပြည်သူအယောင်ဆောင်ပြီး ဖမ်းဆီးတာတွေလုပ်နေ

မတ္တရာမြို့နယ် အနောက်ခြမ်းမှာ စစ်တပ်က ပြည်သူအယောင်ဆောင်ပြီး ဖမ်းဆီးတာတွေလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း သုံးဆယ်ပေကျေးရွာနဲ့ ကျွဲခြံကုန်းကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ တောင်သူအယောင်ဆောင်ပြီး အနီးပတ်ဝန်းကျင်ကို ကင်းထောက်တာတွေ၊ ကာကွယ်ရေးတပ်တွေကို ထောင်ဖမ်းတာတွေ လုပ်နေတယ်လို့ မတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာပကဖ)ဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေက မတ္တရာမြို့နယ်အနောက်ခြမ်းက သုံးဆယ်ပေရွာနဲ့ ကျွဲခြံကုန်းရွာတွေမှာ အင်အား ၅၀ စီခန့်နဲ့ တပ်စွဲထားတာလို့ သိရပါတယ်။

အဲ့ဒီစစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာထဲမှာ သုံးဆယ်ပေရွာကပ်လျက်မှာရှိတဲ့ ကြိမ်တောရွာကို PDF အယောင်ဆောင်ပြီးအလှူခံကာ အလှူခံထည့်ခဲ့ကြတဲ့ ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာ အယောင်ဆောင်မှုတွေ ဆက်တိုက်လုပ်လာတာလို့ မြို့နယ်ပကဖ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

"တောင်းထဲ သေနတ်ထည့်သယ်လာတာတို့၊ ပေါက်ပြားတွေနဲ့ရောပြီး သေနတ်ထမ်းလာတာတို့ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ အမျိုးမျိုးလို့တော့ သိရပါတယ်။ သူတို့ကင်းထောက်တဲ့ပုံစံမျိုးပဲ။ သုံးဆယ်ပေက ကာကွယ်ရေးတပ်တွေ အချိန်မရွေးဝင်နိုင်တဲ့နေရာဆိုတော့လေ" လို့ သူက ဆက်ပြောပါတယ်။

သုံးဆယ်ပေရွာကို နိုဝင်ဘာ ၁၉ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အခုလို အယောင်ဆောင်စုံစမ်းဖမ်းဆီးတာတွေ လုပ်လာတာလို့ သိရပါတယ်။

ပုံစာ - ၂၀၂၂ ခုနှစ်အတွင်း စစ်တပ်မီးရှို့ခံခဲ့ရတဲ့ သုံးဆယ်ပေရွာ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #သုံးဆယ်ပေကျေးရွာ #ကျွဲခြံကုန်းကျေးရွာ #အယောင်ဆောင် #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10