မတ္တရာမြို့နယ် ဒေါင်းကျွန်းကျေးရွာကို စစ်တပ်က မီးရှို့၊ ဒေသခံတချို့ ဖမ်းခံထားရ

မတ္တရာမြို့နယ် ဒေါင်းကျွန်းကျေးရွာကို စစ်တပ်က မီးရှို့၊ ဒေသခံတချို့ ဖမ်းခံထားရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဒေါင်းကျွန်းကျေးရွာကို စစ်တပ်က ရေကြောင်းကနေ စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ ကျေးရွာကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းက မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ သံခွန်သင်္ဘော ၂ စီးနဲ့ ရှပ်ပြေးတွေဟာ မတ္တရာမြို့နယ်ထဲက သုံးဆယ်ပေးကျေးရွာမှာ အထိုင်ချနေတဲ့စစ်အုပ်စုကို တင်ခေါ်ပြီး ‌ဒေါင်းကျွန်းကျေးရွာဘက်ကို လာခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် ဒီနေ့ ညနေ ၅ နာရီလောက်မှာ ဒေါင်းကျွန်းကျေးရွာကို ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ အနီးနားက တံငါသည်တွေအပါအဝင် ပြည်သူတွေကိုဖမ်းဆီးပြီး ကျေးရွာကိုမီးရှို့နေတာလို့ မတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ-မတ္တရာ) တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဒေါင်းကျွန်းက ပြည်သူတွေကို ဖမ်းထားတယ်လို့သိရတယ်။ အရေအတွက်အတိအကျမသိရသေးဘူး။" လို့ မတ္တရာမြို့နယ်ပအဖတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစစ်သင်္ဘောတွေ ဆန်တက်လာချိန် မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်းက ခရီးသည်တင် မော်တော်တစီးကိုလည်း ချောဆွဲသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လိုက်ပါလာတဲ့ သင်္ဘောတွေရဲ့ ရှေ့ကနေ မောင်းခိုင်းတယ်လို့ သိရပါတယ်။

လက်ရှိမှာ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်ရှောင်ပြည်သူတထောင်နီးပါးရှိပြီး ပြည်သူတချို့က ဒေါင်းကျွန်းကျေးရွာထဲမှာ ပိတ်မိနေတာကြောင့် အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ပုံစာ - ဒေါင်းကျွန်းကျေးရွာကို ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ် မီးရှို့နေစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #ဒေါင်းကျွန်းကျေးရွာ #စစ်တပ် #ရေကြောင်း #စစ်သင်္ဘော #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10