မတ္တရာမြို့နယ်၊ ရွေးရွာကို စစ်တပ်ဝင်စီးပြီး လူမှုကူညီရေးအသင်းကို မီးရှို့ကာ မိန်းကလေး ၂ ဦးကို ဖမ်ဆီးသွား

မတ္တရာမြို့နယ်၊ ရွေးရွာကို စစ်တပ်ဝင်စီးပြီး လူမှုကူညီရေးအသင်းကို မီးရှို့ကာ မိန်းကလေး ၂ ဦးကို ဖမ်ဆီးသွား

မတ္တရာမြို့နယ်၊ ရွေးရွာကို မတ် ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်ကဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး လူမှုရေးကူညီမှုအသင်းကို မီးရှို့ကာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ အသက် ၁၃ နှစ် အရွယ် မိန်းကလေးနဲ့ အမျိုးသမီးတဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မတ္တရာမြို့နယ်ပကဖသတင်းတာဝန်ခံဆီက သိရပါတယ်။

မတ္တရာမြို့ပေါ်မှာ တပ်စွဲထားတဲ့စစ်တပ်က ဒီနေ့ မနက် ၅ နာရီခွဲလောက်မှာ မတ္တရာမြို့ရဲ့အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာက ရွေးရွာကို ပစ်ခတ်စီးနင်းခဲ့ရာမှာ အသက် ၁၃ နှစ် အရွယ် မဇူးဇူးရဲ့ ဦးခေါင်းသေနတ်ထိမှန်ခဲ့သလို နောက်ထပ် အမျိုးသမီးတဦးလည်း ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ပြီးနောက် ဒဏ်ရာရမိန်းကလေး ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

"အမျိုးသမီးရဲ့အသက်ကို ကျနော်တို့ မသိရဘူး။ သူတို့နှစ်ယောက်စလုံးကို စစ်တပ်က ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ ကျန်တဲ့ပြည်သူတွေကတော့ ရှောင်တာလွတ်သွားကြတယ်" လို့ မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

အဲဒီအမျိုးသမီး ၂ ယောက်ကို မတ္တရာမြို့အတွင်းက စစ်တပ်အထိုင်ချထားတဲ့ ကြံ့ခိုင်ရေးရုံးနဲ့ ဘုရင့်နောင်ခန်းမကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင်ကျေးရွာပိုင် မြင့်မြတ်သောနှလုံးသားပရဟိတအသင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားရာ အသင်းအဆောက်အဦနဲ့ ကားတစီးမီးလောင်ခဲ့ပြီး ကျေးရွာထဲက နေအိမ်တလုံးကိုပါ စစ်တပ်က ထပ်မံမီးရှို့သွားတယ် လို့သိရပါတယ်။ 

ဒါ့အပြင် လူမှုကူညီရေးအသင်းပိုင် ကားတစီးကိုလည်းယူသွားတယ်လို့သိရပါတယ်။

မတ္တရာမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မကြာခဏဝင်ရောက်စီးနင်းကာ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်လေ့ရှိပြီး ၂၀၂၄ ခုနှစ် သုံးလအတွင်း ပြည်သူ ၁၀ ဦးထက်မနည်း စစ်တပ်ကသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မီးရှို့ခံရသည့် ရွေးရွာက လူမှုကူညီရေးအသင်းရုံး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မတ္တရာမြို့နယ် #ရွေးရွာ #စစ်တပ် #လူမှုရေးကူညီမှုအသင်း #သေနတ် #ဒဏ်ရာ #မိန်းကလေး #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10