မတ္တရာ မြို့မစျေးက ဆန်၊ ဆီ အရောင်းဆိုင်တွေကို စစ်တပ်က အတင်းအကြပ် စျေးလျော့ရောင်းခိုင်း

မတ္တရာ မြို့မစျေးက ဆန်၊ ဆီ အရောင်းဆိုင်တွေကို စစ်တပ်က အတင်းအကြပ် စျေးလျော့ရောင်းခိုင်း

မန္တလေးတိုင်း၊ မတ္တရာမြို့၊ မြို့မစျေးဆိုင်က ဆန်၊ ဆီ ရောင်းဝယ်တဲ့ဆိုင်တွေကို စစ်တပ်က အတင်းအကြပ် လျော့စျေးနဲ့ရောင်းခိုင်းနေပြီး မရောင်းတဲ့ဆိုင်ပိုင်ရှင်တဦးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ ၆ ရက်မနက်ပိုင်းမှာ စစ်တပ်နဲ့ စည်ပင်ပူးပေါင်းပြီး ဆန်၊ ဆီ ရောင်းချတဲ့ဆိုင်တွေကို ဆန်တပြည် ၂၅၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သား ၁ ဗူးကို ၂၅၀၀ ကျပ်နဲ့ လာရောက်ရောင်းချခိုင်းခဲ့ပြီး မလိုက်နာပါက တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။


အဲဒီစျေးထဲက စျေးဆိုင်ပိုင်ရှင်တဦးကို သတ်မှတ်စျေးအတိုင်း မရောင်းလို့ဆိုပြီး ရိုက်နှက်ကန်ကြောက်ပြီး ဖမ်းဆီးသွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"ဘေးမှာ စည်ပင်နဲ့စစ်တပ်ကစောင့်ပြီး ရောင်းနေတာ။ ဘယ်လောက်ပမာဏ အထိ ရောင်းမယ်ဆိုတာတော့ စာကပ်ထားတယ်။ ဘေးမှာစစ်တပ်ရှိနေတော့ စာရွက်တွေကို သေချာမဖတ်ရဲဘူး။ လူတွေလည်း အများကြီးတန်းစီနေကြတယ်" လို့ မြို့ခံတဦးက ပြောပါတယ်။

စားအုန်းဆီနဲ့ ဆန်စျေးနှုန်းထိန်းချုပ်ဖို့ စစ်တပ်က ဆန်၊ ဆီ ရောင်းဝယ်တဲ့ဆိုင်တွေကို သတ်မှတ်စျေးအတိုင်း ရောင်းချခိုင်းနေပြီး စျေးဆိုင်အများစုကတော့ စားဆီရောင်းချခြင်းကို ပိတ်ထားပါတယ်။

လက်ရှိ စားဆီတစ်ပိဿာကို ၁၁၀၀၀ ကျပ်အထိ စျေးကွက်မှာပေါက်နေပြီး ပေါ်ဆန်းမွှေးတပြည်လျှင် ၆၀၀၀ ကျပ်ဝန်းကျင်အထိ စျေးပေါက်နေပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ကုန်ဈေးနှုန်းမြင့်တက် #စားသုံးဆီ #ဆန် #မြို့မဈေး #မတ္တရာ #ပြည်သူလူထု #ခြိမ်းခြောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10