သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ကြက်ပြင်ကျေးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်ထိုးဝင်ရောက်ကာ ဒေသခံအမျိုးသမီးတဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မတ္တရာမျိုးမှန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ဆီက သိရပါတယ်။
အောက်တိုဘာလ ၅ ရက်ဒီမနက် ၄ နာရီလောက်မှာ မန္တလေးနန်းတွင်းကနေ စစ်ကောင်စီတပ်တွေက ကြက်ပြင်ကျေးရွာကို ကား ၃ စီးနဲ့ ဝင်ရောက်လာပြီး ရွာအနောက်ဘက်ရှိ နေအိမ် ၂ လုံးကိုမီးရှို့ကာ အသက် ၃၀ အရွယ် မဇင်မာဝင်း ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
"မဇင်မာဝင်း အဖမ်းခံရတယ်ဆိုတာပဲ သိသေးတယ်။ ဘယ်လိုကြောင့် ဖမ်းတယ်။ ဘယ်လိုပုံစံ ဖမ်းတယ်ဆိုတာ မသိဘူး "လို့ မတ္တရာမျိုးမှန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း (၁) ရဲ့ စစ်ရေးတာဝန်ခံ ကိုဒေါင်းလမ်းက ပြောပါတယ်။
စစ်ကြောင်းကတော့ မဇင်မာဝင်းကို ဖမ်းဆီးပြီး မနက် ၈ နာရီလောက်မှာ မန္တလေးမြို့ဘက်ကို ပြန်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်လောက်ကတည်းက ကြက်ပြင်ကျေးရွာနဲ့ အနီးကျေးရွာတွေကို စစ်ကောင်စီတပ်တွေက တလှည့်စီ တပ်စွဲနေထိုင်တာမျိုးရှိတာကြောင့် ဒေသခံအများစုလည်း ရွာကနေ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးခံထားရသူ ၂၅,၀၀၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#မန္တလေး #မတ္တရာ #စစ်ကောင်စီ #စစ်ကြောင်းထိုး #မီးရှို့ #ဖမ်းဆီး #အမျိုးသမီး #သတင်း
Share Share Share