မတ္တရာမှာ ဖမ်းခေါ်လာတဲ့ သွေးသောက်အဖွဲ့ဝင် ၁ ဦး ထွက်ပြေးဖို့ကြိုးစားလို့ ရှင်းလင်းခဲ့ရတယ်လို့ ဆို

မတ္တရာမှာ ဖမ်းခေါ်လာတဲ့ သွေးသောက်အဖွဲ့ဝင် ၁ ဦး ထွက်ပြေးဖို့ကြိုးစားလို့ ရှင်းလင်းခဲ့ရတယ်လို့ ဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က သွေးသောက်အဖွဲ့ဝင် ပျူစောထီးအမျိုးသားတဦးကို ဇွန်လ ၂၂ ရက်မနက် ၇ နာရီကျော်မှာ ဖမ်းဆီးပြီးခေါ်ယူလာရာ ထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့် ရှင်းလင်းခဲ့ရတယ်လို့ မြနန္နာစစ်ဆင်ရေးအဖွဲ့က ပြောပါတယ်။

အရှင်းလင်းခံရသူမှာ အသက် ၅၀ ခန့်ရှိ ဆရာဦးပိုင်(ခ)ဦးပိုင်ဖြစ်ပြီး သူ့ကို ရှားစေးချက်ကြီးကျေးရွာကနေ ဖမ်းဆီးကာ ဆိုင်ကယ်နဲ့စခန်းကို ခေါ်ယူလာချိန် လမ်းမှာထွက်ပြေးဖို့ကြိုးစားခဲ့တာ​ဖြစ်တယ်လို့ ဆိုပါတယ်။

"သူ့ကိုမသတ်ဘဲခေါ်တာက အရှင်ဖမ်းဆီးရမိတဲ့ သုံ့ပန်းအပေါ်ထားရှိရမယ့်လုပ်ထုံးလုပ်နည်းနဲ့အညီ ခေါ်လာတာပါဗျ။ လမ်းမှာဆိုင်ကယ်ပေါ်ကနေ ဆိုင်ကယ်ကိုတံတိုင်းနဲ့ တိုက်အောင်လုပ်ပြီးခုန်ချတာ။ ဒါကြောင့် ဓားနဲ့ရှင်းလင်းခဲ့တာ။ အလောင်းကိုတော့ အဲမှာထားခဲ့တယ်" လို့ မြနန္ဒနာစစ်ဆင်ရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဦးပိုင်ဟာ ရှားစေးချက်ကြီးကျေးရွာနဲ့ လှမ်းတဲ့တောထဲတနေရာမှာ ပျူအုပ်စုဖွဲ့နေထိုင်ရာကနေ ရွာထဲကိုသတင်းထောက်ဖို့အတွက် တဦးတည်းဝင်ရောက်လာခဲ့တာကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) မှ Never Give Up  Fighter Force ရဲဘော်တွေက သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

"သူ့အကြောင်းကို နယ်ခံတွေက အကုန်သိတယ်။ သိမ်းဆည်းရမိတဲ့ထဲမှာလည်း သွေးသောက်ကဒ်ပြားနဲ့ ဝေါ်ကီတော်ကီရော ပါပါတယ်ဗျ" လို့ ဆိုပါတယ်။

သွေးသောက်အဖွဲ့ဝင် ဦးပိုင်ဆီကတော့ မိုဘိုင်း ဖုန်း ၂ လုံး၊ စကားပြောစက် ၁ လုံး၊ ကြံ့ခိုင်ရေးအမှတ်တံဆိပ်ပါ ရင်ထိုး ၁ ခု၊ ကြံ့ခိုင်ရေးပါတီဝင်ကဒ်ပြား ၁ ခု နဲ့ သွေးသောက်အဖွဲ့အမှတ်တံဆိပ်ပါ ကဒ်ပြား ၁ ခုတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #သွေးသောက်အဖွဲ့ #မြနန္ဒာစစ်ဆင်ရေး #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10