မတ္တရာမှာလက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေဆုံး

မတ္တရာမှာလက်နက်ကြီးထိလို့ အမျိုးသမီး ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြောင်းသစ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်တဲ့လက်နက်ကြီးကျည်ထိပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်မနက် ၁၁ နာရီခန့်မှာ မတ္တရာမြို့ဘက်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းဘေးရှိ မြောင်းသစ်ရွာထဲကို လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"ပြည်သူနေအိမ်နား ၁ လုံး။ ဘုန်းကြီးကျောင်းထဲ ၂ လုံးကျတယ်။ လက်နက်ကြီးကျချိန်  ဘုန်းကြီးကျောင်းဝင်းကို သန့်ရှင်းရေးတံမြတ်စည်းလှဲနေတဲ့သူက လက်နက်ကြီးစမှန်ပြီး သေသွားတယ်"လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ မြောင်းသစ်ကျေးရွာနေ အသက် ၃၄ နှစ်အရွယ် မစိုးစိုး ဟာနေရာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဘုန်းကြီးကျောင်းအဆောက်အဦ ၂ လုံးနဲ့ကျောင်းအနီးက နေအိမ် ၁ လုံးလည်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

မြောင်သစ်ကျေးရွာမှာ အိမ်ခြေ ၁၅၀ ကျော်၊ လူဦးရေ ၅၀၀ ခန့်ရှိပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် ဒေသခံထက်ဝက်နီးပါးဟာ ဘေးလွတ်ရာကို ယာယီတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း မတ္တရာမြို့နယ်၊ စာတိုက်တကာကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #မြောင်းသစ်ကျေးရွာ #လက်နက်ကြီးပစ်ခတ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10