မတ္တရာမှာ ဆိုင်ကယ်စီးနင်းလာတဲ့ ပျူစောထီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံရ

မတ္တရာမှာ ဆိုင်ကယ်စီးနင်းလာတဲ့ ပျူစောထီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် မနေ့ မနက် ၁၁ နာရီကျော်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ ပျူစောထီးအဖွဲ့ဝင် ၁ ဦး ၎င်းနဲ့အတူလိုက်ပါလာတဲ့ အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူတွေဟာ စကားစိမ်းကျေးရွာနေ ပြည်သူ့စစ်(ပျူစောထီး)အဖွဲ့ဝင်  အသက် ၃၅ နှစ်အရွယ် သန့်ဇင်ထွေးနဲ့ ကျွန်းတောကုန်းရပ်ကွက်နေ  အသက် ၂၀ နှစ်အရွယ် မျိုးမြင့်မြတ်တို့ဖြစ်ပြီး ကျောက်စရစ်မြောက်ကျေးရွာသွားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာချိန် ဂရိတ်ဝေါသကြားစက်လမ်းဆုံ အရောက်မှာ သေနတ်နဲ့ပစ်ခံရတာလို့ ဆိုပါတယ်။

" ကျနော်တို့ သိရသလောက်က သူတို့ ၂ ယောက်ပဲ ဆိုင်ကယ်နဲ့လာတာမှာပစ်သွားတာ။ သေတဲ့ထဲက တယောက်က ပြည်သူ့စစ်(ပျူစောထီး)၊ တယောက်ကသူနဲ့ အမြဲလိုလိုတွဲသွားတွဲလာ ဘယ်လိုပတ်သက်လဲ မသိဘူး" လို့ မတ္တရာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေနတ်ပစ်ခံရသူ ၂ ဦးမှာ ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့နေရာမှာပဲ သေဆုံးသွားပြီး အလောင်းတွေကိုတော့ မတ္တရာဆေးရုံကနေ နိုဝင်ဘာ ၆ ရက် နေ့လယ်မှာ နေအိမ်တွေကို ပြန်သယ်ပြီး နာရေးကိစ္စဆက်လုပ်သွားတယ်လို့ သိရပါတယ်။

စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ယက်တွေမှာတော့ မတ္တရာမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင်နဲ့ ပြည်ခိုင်ဖြိုးအရန် ကော်မတီဝင် ၁ ဦးနဲ့ အရပ်သား ၁ ဦးတို့ကို အမည်မသိ PDF တွေက သေနတ်နဲ့ပစ်ခတ်သွားလို့ သေဆုံးသွားတယ်လို့လည်း ဖော်ပြပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာလည်း မတ္တရာမြို့နယ်၊ ဥက္ကံကျေးရွာအနီးမှာ နံသာမြိုင်ကျေးရွာ ရာအိမ်မှူး ဦးဝင်းကျော်ကျော် ၄၄ နှစ် သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #ပြည်သူ့စစ် #ပျူစောထီး #အဖွဲ့ဝင် #ပစ်သတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10