မတ္တရာမှာ လေဖြတ်ဝေဒနာရှင် အမျိုးသားကို စစ်တပ်က လည်ပင်းလှီးသတ်သွား

မတ္တရာမှာ လေဖြတ်ဝေဒနာရှင် အမျိုးသားကို စစ်တပ်က လည်ပင်းလှီးသတ်သွား

မတ္တရာမြို့နယ်အနောက်ခြမ်း၊ ရှင်လှကျေးရွာက ထွက်မပြေးနိုင်ဘဲ ကျေးရွာထဲကျန်နေခဲ့တဲ့ လေဖြတ်ဝေဒနာရှင် အမျိုးသားတဦးကို စစ်တပ်က လည်ပင်းလှီးကာ သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက် မနေ့က နေ့လယ်ပိုင်းမှာ စ​ဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်တွေပါ သံခွန်တွေက ဧရာဝတီမြစ်ကမ်းဘေးက ရှင်လှရွာကို ဝင်ရောက်ခဲ့ပြီး လေဖြတ်လို့အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသားတဦးကိုတွေ့ပြီး သတ်ဖြတ်သွားတာ လို့သိရပါတယ်။

"အကုန်လုံးက ရွာထဲက ရှောင်နေတဲ့အချိန် သူကကျန်ခဲ့တာ။ တွေ့ပြီးသတ်သွားတာလို့ သိရပါတယ်" လို့ မတ္တရာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီနောက် အဲ့ဒီသံခွန်သင်္ဘောတွေက မတ္တရာမြို့နယ်အနောက်ခြမ်းမြစ်ကမ်းအနီးက ကျေးရွာတွေကို အစုန်၊ အဆန်လုပ်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး သဖန်းထောင့်ကျေးရွာမှာလည်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

မနေ့က ည ၇ နာရီလောက်အထိ အဲ့ဒီသင်္ဘောတွေနဲ့ ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ည ၈ နာရီလောက်မှာ ဒေသခံတွေ ရွာထဲပြန်ဝင်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာလည်း သံခွန်သင်္ဘောတွေနဲ့ စစ်ကောင်စီတပ်တွေ မြစ်ကြောင်းအတွင်းရှိနေသေးပြီး မြစ်ကမ်းအနီးက ကျေးရွာတွေကို မကြာခဏ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မတ္တရာမြို့နယ် #ရှင်လှကျေးရွာ #လေဖြတ်ဝေဒနာရှင် #စစ်တပ် #လည်ပင်းလှီးသတ် #သံခွန် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10