မတ္တရာမှာ ၃ ရက်အတွင်း စစ်အုပ်စုက ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီး

မတ္တရာမှာ ၃ ရက်အတွင်း စစ်အုပ်စုက ကျေးရွာ ၅ ရွာကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာ ၅ ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တာမို့ ဒေသခံ ၁,၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ပြီး နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်က မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့အင်အား ၅၀၀ ကျော်နဲ့ စစ်ကြောင်း ထိုးလာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ဇူလိုင် ၁၇ ရက်မှာ စစ်တပ်က ရုံးပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇူလိုင် ၁၈ ရက်နဲ့ ၁၉ရက်တွေမှာ ကျောက်ဆည်လေးကျေးရွာ၊ ဇီးဖြူပင်၊ အောင်ချမ်းသာ၊ ရှားဆေးချက်ကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားတာလို့ သိရပါတယ်။

"ကျောက်ဆည်လေးနဲ့ ဇီးဖြူပင်ကတော့ ရွာလုံးကျွတ်ပဲ၊ တအိမ် နှစ်အိမ်လောက်ပဲကျန်မှာ။ အဲဒီရွာဘေး လယ်ထဲမှာ နေကြတဲ့ တောထဲတိုက်တွေရော အကုန်မီးရှို့သွားတယ်" လို့ ဒေသခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

လတ်တလောမှာ စစ်ရှောင်တွေဟာ နီးစပ်ရာ ကျေးရွာတွေက အကူအညီနဲ့ ဘုန်းကြီး ကျောင်းတွေက ကျွေးမွေးနေတယ်လို့လည်းသိရပါတယ်။

မတ္တရာမြို့နယ်ကို ယခုတပတ်အတွင်းမှာ စစ်တပ်က စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ဇူလိုင် ၁၅ ရက်မှာလည်း မတ္တရာမြို့နယ်အလည်ပိုင်းကို ထိုးစစ်ဆင်ခဲ့ပြီး ဒေသခံ ၄ဦးကို ဖမ်းခေါ်ကာ သတ်ဖြတ်ခဲ့ပါသေးတယ်။

ပုံစာ-မတ္တရာမြို့နယ်မြွေတလိုင်းကျေးရွာကို စစ်အုပ်စုက မတ်လအတွင်းမီးရှို့ခဲ့စဥ်

 

စာတည်း-လင်းဇေ

#မြေလတ်အသံ #မန္တလေးတိုင်း #မတ္တရာမြို့နယ် #မီးရှို့ #စစ်ရှောင် #ကျောက်ဆည်လေး #ရှားဆေးချက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10