မတ္တရာမှာ G 3 ၂ လက်ကိုင်ထားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးကို ရှင်းလင်း

မတ္တရာမှာ G 3 ၂ လက်ကိုင်ထားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၁ ဦးကို ရှင်းလင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ G 3 သေနတ် ၂ လက်ကိုင်ဆောင်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးကို ဒီဇင်ဘာ ၂၇ ရက် မနက် ၇ နာရီကျော်မှာ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အသတ်ခံရသူမှာ ရှမ်းတောကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်မြိုင် အသက် ၇၀ နှစ်ဖြစ်ပြီး နေအိမ်ထဲမှာ ပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။

"သူ(အုပ်ကြီး)က ရွာခံတွေကို မတရား အနိုင်ကျင့် ဗိုလ်ကျတယ်ဗျ။ ရွာက လူတွေ တနေရာရာကို သွားမယ် ဆိုရင်လည်း သူ့ဆီက ထောက်ခံချက်ယူခိုင်းတယ်။ ပိုက်ဆံတောင်းတယ်" လို့ မတ္တရာဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဦးကျော်မြိုင် ကိုင်ဆောင်ထားတဲ့ သေနတ် ၂ လက်မှာ စစ်ကောင်စီတပ်ကပေးထားတဲ့ G 3 သေနတ် အမျိုးအစားဖြစ်တယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဦးကျော်မြိုင်ကို မတ္တရာမြို့နယ်ထဲရှိ ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့က ရှင်းလင်းခဲ့တာဖြစ်ပြီး သေနတ် ၂ လက်ကိုပါ သိမ်းယူခဲ့ပေမယ့် တပ်ဖွဲ့အမည်ကိုတော့ မသိရှိရဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဦးကျော်မြိုင်ရဲ့ရုပ်အလောင်းကို ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီကျော်လောက်မှာ မိသားစုဝင်တွေက သင်္ဂြိုဟ်လိုက်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကလည်း မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီးမှာ အမည်မသိရတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတဦးမှာ လက်ပြန်ကြိုးတုပ်ခံရကာ မျက်နှာကို အဝတ်စနဲ့စည်းပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #မတ္တရာ #ဒလန် #အုပ်ချုပ်ရေးမှူး #မြေလတ်သတင်း #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10