မတ္တရာအနောက်ခြမ်းကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦးသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို အမျိုးသမီး ၁ ဦးလည်းထိမှန်သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖပြန်ကြားရေးကနေ သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနေ့ကမနက်ပိုင်းမှာ မတ္တရာမြို့နယ်အနောက်ခြမ်း၊ သုံးဆယ်ပေးကျေးရွာကိုတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၀ လောက်ဟာ သုံးဆယ်ပေးရွာရဲ့မြောက်ဘက်က ရွှေဘောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးရောက်ရှိလာပြီး နေ့လယ် ၂ နာရီလောက်မှာ ရွှေဘောင်ကျေးရွာကနေ မြောက်ဘက်ကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပစ်ခတ်တာကြောင့် ရွှေဘောင်ကျေးရွာရဲ့ မြောက်ဘက် ၁ မိုင်အကွာက သေနတ်ကုန်းကျေးရွာထဲကိုကျပြီး အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးခဲ့သလို နွားတကောင်၊ ဝက်တကောင်နဲ့ အိမ် ၂ လုံး၊ ပဲမှော်တိုက် ၃ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဒေသခံတွေအနေနဲ့ လက်နက်ကြီး အန္တရာယ်ကင်းအောင် ဗုံးခိုကျင်းတူးထားမှသာ အသက်သေဆုံးခြင်းမှ နည်းပါးနိုင်မယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်က ဒရုန်းအသုံးပြုပြီး ညဘက်တွေမှာကျေးရွာတွေကိုဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မန္တလေးတိုင်း #မတ္တရာမြို့နယ် #လက်နက်ကြီးနဲ့ပစ်ခတ်မှု #စစ်ကောင်စီ #ပကဖ #ဒေသခံ #အမျိုးသမီး #သေဆုံးမှု #နွေဦးတော်လှန်ရေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10