သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၁၀၅ လမ်းနှင့် ၁၀၆ လမ်းကြား၊ ၆၈ လမ်းပေါ်ရှိ မန္တလာသီရိအားကစားကွင်းရှေ့က ရဲဂိတ် ဗုံးပစ်ခံရလို့ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေ့လည် ၁ နာရီခန့်မှာ အားကစားကွင်းရဲ့ အရှေ့ဘက် အဝင်ပေါက် ရဲဂိတ်ကို လူ ၂ ဦးက ဆိုင်ကယ်နဲ့လာပြီး ဗုံးပစ်သွင်းခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"အဲမှာက ရဲတွေပဲ ရှိတာများတယ်။ မနေ့နေ့လည်က ဗုံးပစ်ခံရတယ်။ ထိခိုက်တာက ၃ ဦး ရှိတယ်။ အားကစားကွင်း လုံခြုံရေးစောင့်တဲ့ ရဲအဖွဲ့တွေပါ။ ဒဏ်ရာတွေက အပြင်းထန်ရတာတော့ မရှိဘူး" လို့ ပြောပါတယ်။
ဗုံးပစ်ခံရလို့ ဂိတ်စောင့်နေတဲ့ ဒုရဲအုပ် ၁ ဦးအပါအဝင် အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးကို တင်ပို့ထားရတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ မည်သည့်ဒေါက်တိုင်ကိုမဆို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မဟာအောင်မြေမြို့နယ်က အမှတ်(၉)ရဲစခန်း လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး မပေါက်ကွဲလို့ သေနတ်နဲ့ပစ်ခတ်ခဲ့သေးတယ်လို့ အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ဆိုပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ချမ်းမြသာစည်မြို့နယ်၊ ရွှေတချောင်းလမ်းက သံ/တောင်ရုံးကိုပစ်ခတ်ခဲ့ရာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သေးတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
Share Share Share