မန္တလေးကျုံးထဲခုန်ချတဲ့ အမျိုးသမီးငယ်တဦး ရေနစ်သေဆုံး

မန္တလေးကျုံးထဲခုန်ချတဲ့ အမျိုးသမီးငယ်တဦး ရေနစ်သေဆုံး

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၇၄ x ၇၅လမ်းကြားရှိ ကျုံးထဲကို အမျိုးသမီးငယ် တဦးခုန်ချခဲ့ရာမှ ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာပါဝင်ခဲ့သူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်မနက် ၁၀ နာရီခွဲခန့်မှာ ကျုံးထဲကို အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတဦး ခုန်ချခဲ့တာဖြစ်ပြီး နာရီဝက်အကြာမှ အလောင်းကိုပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ 

"သိရတာက ၁၀ ခွဲလောက်မှာသိရတော့ သွားရှာတော့ ၁၁ လောက်မှ ပြန်တွေ့တာ။ သူခုန်ချတဲ့ နေရာမှာပဲပြန်တွေ့တာ။ နာရီဝက်လောက်ကြာသွားတာပေါ့။ တွေ့တဲ့အချိန်မှာတော့သေနေပြီ။”လို့ ကူညီရှာဖွေရေးလုပ်ငန်းမှာပါဝင်ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

ခုန်ချခဲ့တဲ့နေရာအနီးရှိ အများပြည်သူထိုင်တဲ့ခုံပေါ်မှာ ဖုန်း ၁ လုံး၊ အိတ် ၁ လုံးနဲ့ အဝတ်အထည်အချို့တွေ့ရပြီး သေဆုံးသူအမျိုးသမီးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မသိရှိရဘူးလို့ ဆိုပါတယ်။ 

အမျိုးသမီးအလောင်းကိုတော့ မီးသတ်နဲ့ လူမှုကူညီရေးအသင်းဝင်တွေက ရှာဖွေခဲ့ရပြီး မန္တလေးပြည်သူ့ဆေးရုံ ရင်ခွဲရုံကိုပို့ပေးထားရတယ်လို့ ကူညီရှာဖွေရေးလုပ်ငန်းမှာပါဝင်ခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ မတ် ၂၁ ရက်ကလည်း အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၂၆လမ်းနဲ့ ၇၇ လမ်းထောင့်က ကျုံးထဲကို ဆေးကျောင်းသားတဦးခုန်ချသွားလို့ ရေနစ်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ရေနစ်သေဆုံး #အမျိုးသမီး #မှုခင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10