မန္တလေးမြို့မှာ ခင်ပွန်းက ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်လို့ ပွဲချင်းပြီးသေဆုံး

မန္တလေးမြို့မှာ ခင်ပွန်းက ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်လို့ ပွဲချင်းပြီးသေဆုံး

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်မှာ ဇနီးဖြစ်သူအမျိုးသမီးကို ခင်ပွန်းက ဓားနဲ့ထိုးသတ်လို့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သေဆုံးသူမှာ သက်လတ်ပိုင်းအရွယ်ရှိ မဖြူဖြူနှင်း ဆိုသူဖြစ်ပြီး အောက်တိုဘာ ၆ ရက် မနေ့ နေ့လယ် ၁၂ နာရီလောက်မှာ ၎င်းယာယီလာရောက်နေထိုင်နေတဲ့ အဆိုပါရပ်ကွက်ရှိ အဒေါ်ဖြစ်သူရဲ့နေအိမ်ကနေအပြင်ထွက်လာစဥ် အမျိုးသားဖြစ်သူ ကိုသန့်ဇင်ဦး(ခ)ဘာမီတွန်က ဓားနဲ့ထိုးခဲ့တာလို့ ဆိုပါတယ်။

"ဓားနဲ့ ၄ ချက်ထိုးသွားတာ။ ဒဏ်ရာနဲ့တင် အမျိုးသမီးက နေရာမှာသေသွားတယ်။ အလောင်းကိုတော့ ရင်ခွဲရုံပို့လိုက်တယ် "လို့ မန္တလေးလူမှုကူညီရေးအသင်းတခုက မြေလတ်အသံကို ပြောပါတယ်။

ကျူးလွန်သူအမျိုးသားဟာ ဓားနဲ့ထိုးပြီးထွက်ပြေးသွားတာမို့ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

မဖြူဖြူနှင်းဟာ လွန်ခဲ့တဲ့နှစ်ပတ်က အမျိုးသားဖြစ်သူ ကိုသန့်ဇင်ဦး(ခ)ဘာမီတွန်နဲ့ ရန်ဖြစ်ခဲ့ပြီးနောက် သံလျက်မှော်အနောက်ရပ်ကွက် လမ်း၉၀×၉၁ လမ်း၊ လမ်း၄၀နဲ့၄၁လမ်းကြားရှိ အဒေါ်ဖြစ်သူရဲ့ နေအိမ်ကို ယာယီလာရောက်နေထိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - PAN 

သတင်း - မြေလတ်အသံ

#မြေလတ်အသံ

#မန္တလေး #မဟာအောင်မြေမြို့နယ် #လူသတ်မှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10