မန္တလေးမြို့လယ်ခေါင် စစ်တပ်ဝန်းထဲက ရတနာပုံခန်းမ ရှော့တိုက်ဒုံးနဲ့ပစ်ခံရလို့ မြို့တွင်းအင်းအားပြလှည့်လည်

မန္တလေးမြို့လယ်ခေါင် စစ်တပ်ဝန်းထဲက ရတနာပုံခန်းမ ရှော့တိုက်ဒုံးနဲ့ပစ်ခံရလို့ မြို့တွင်းအင်းအားပြလှည့်လည်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၃ လမ်းနဲ့ ၇၈လမ်းကြား ၃၈လမ်းထောင့်ရှိ အမှတ် ၂ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဝန်းအတွင်းကို မတ်လ ၁၉ ရက် ဒီကနေ့မနက်အစောပိုင်းမှာ  ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရလို့ စစ်တပ်ကမြို့တွင်းကို လုံခြုံရေးတင်းကြပ်ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

"ပြင်းအားကတော့ တော်တော်ကြီးတယ်။ အိမ်ကိုတုန်ခါသွားတယ်။ အထိခိုက်ကတော့မသိရဘူး"လို့ မြို့ခံပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီကနေ့မနက် ၄ နာရီခွဲဝန်းကျင်မှာ မဟာအောင်မြေမြို့နယ် စစ်တပ်ဝန်းအတွင်းရှိ စစ်ခေါင်းဆောင်မင်းအောင်လှိုင် မိသားစုပိုင်ရတနာပုံခန်းမကို မန္တလေးမြို့ပြပျောက်ကြားအဖွဲ့တွေဖြစ်တဲ့ No More Dictatorship People Defence Force_ NMD နဲ့ Security & Special Task Force (SSTF-MDY) တို့ပူးပေါင်းပြီး ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲသံကို မန္တလေးတမြို့လုံးနီးပါးကြားခဲ့ရပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် မနက်ပိုင်းမှာ အဲ့ဒီခန်းမရှေ့ ၇၈လမ်းပေါ်မှာ စစ်တပ်ကလမ်းသွားလမ်းလာတွေကိုစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ ဒီကနေ့တနေ့လုံး မန္တလေးမြို့တွင်း ခြေရှုပ်နေပြီး လက်နက်၊ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ကာစစ်ကားတွေနဲ့ကင်းလှည့်တာတွေလုပ်ဆောင်နေတယ်လို့လည်းမြို့ခံတွေက ပြောပါတယ်။

နန်းတွင်း လပခမှာ တပ်မတော်နေ့စစ်ရေးပြလုပ်ဆောင်ဖို့ရှိတာကြောင့် မန္တလေးမြို့ကို လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက အခုလိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရလို့ မြို့တွင်းကို လှည့်လည်တာတွေပြုလုပ်နေတာလို့ ဆိုပါတယ်။

ရတနာပုံခန်းမဖွင့်ပွဲကို ၂၀၂၁ ခုနှစ် မေလ ၁၇ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး နာမည်ကျော် မြို့မအသင်းကြီးက တက်ရောက်ဖျော်ဖြေခဲ့တဲ့အတွက် လူထုဝေဖန်မှုမြင့်တက်ခဲ့ပါသေးတယ်။

စာတည်း- ရင်ငြိမ်း 

#မြေလတ်အသံ

#မန္တလေး #စစ်တပ်ဝန်း #ရှော့တိုက်ဒုံး #ပစ်ခတ်ခံရ #စစ်ကောင်စီတပ် #လုံခြုံရေး #တင်းကြပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10