မန္တလေးမြို့ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

မန္တလေးမြို့ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ မတ် ၂၅ ရက် ဒီနေ့ မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ငွေသားကျပ်သိန်း ၂,၀၀၀ ကျော်ပါသွားတယ်လို့ သိရပါတယ်။

မတ် ၂၅ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်းနဲ့ ၃၁ လမ်း၊ ဆေးတက္ကသိုလ်ရဲ့ အနောက်ဘက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရတာလို့ သိရပါတယ်။

"ဘယ်သူမှ မသိလိုက်ဘူး။ ရုတ်ရုတ်သဲသဲတောင် မဖြစ်လိုက်ဘူး" လို့ အနီးနားမှာနေထိုင်သူတဦးက ပြောပါ တယ်။

နံပါတ်မပါတဲ့ တရုတ်ဆိုင်ကယ်စီး အမျိုးသား ၃ ဦးက သေနတ်ပြကာဝင်ရောက်စီးနင်းပြီး အိတ် ၃ လုံးနဲ့ ငွေသားတွေထည့်သွားတာလို့ သိရပါတယ်။

ဓားပြတိုက်ခံရတဲ့နေရာဟာ စစ်ကောင်စီစိုးမိုးထားတဲ့နေရာဖြစ်ပြီး လူအသွားအလာများပြားတဲ့ မြို့လည်ကောင်ဖြစ်ပါတယ်။ ၇၄ လမ်းနဲ့ လမ်း ၃၀ မှာ စစ်ကောင်စီတပ်တွေရှိတဲ့ မန္တလေးဆေးရုံကြီးရှိပြီး ဒီနေ့ အဲဒီဆေးရုံကြီးမှာ တိုင်းဒုရဲမှူးကြီးနာရေးရှိသလို ၇၄ လမ်းနဲ့ ၇၅ လမ်းကြား၊ ၃၂လမ်းမှာလည်း ရပ်ကွက် ရဲကင်းတခုရှိပါတယ်။ အဲဒီနှစ်ခုကြားထဲက ၃၁ လမ်း ဘဏ်မှာ ဓားပြမှုတိုက်မှုဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

ဒီဖြစ်စဥ်ဖြစ်ပြီးတဲ့နောက် စစ်ကိုင်း-မန္တလေး ဝင်ထွက်ပေါက်အပါအဝင် နေရာတော်တောများများကို စစ်တပ်က ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #ချမ်းအေးသာစံ #ကမ္ဘောဇဘဏ်ခွဲ #ဓားပြတိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10