မန္တလေးမှ ဗန်းမော် ဆန်တက်သွားတဲ့ စစ်သင်္ဘောက ရမ်းပစ်လို့ သားအမိ ၂ ဦးဒဏ်ရာရ

မန္တလေးမှ ဗန်းမော် ဆန်တက်သွားတဲ့ စစ်သင်္ဘောက ရမ်းပစ်လို့ သားအမိ ၂ ဦးဒဏ်ရာရ

မန္တလေးမြို့ကနေ ဗန်းမော်ဘက်ကိုဆန်တက်သွားတဲ့ စစ်ကောင်စီသင်္ဘောတွေက ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီ ကျော်မှာ အနီးဝန်းကျင်းရွာတွေကို လက်နက်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် မတ္တရာမြို့နယ်၊ ဧရာဝတီ မြစ်ကမ်းဘေးကျေးရွာက သားအမိ ၂ ဦး ဒဏ်ရာရ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ စိန်ပန်းကုန်းကျေးရွာမှ အသက် ၄ နှစ်အရွယ် တရုတ်ကြီးနဲ့ အသက် ၄၀ အရွယ် ဒေါ်မာလာတို့ သားအမိဖြစ်ကြပါတယ်။

"မန်းလေးကနေ ထွက်လာတဲ့ သင်္ဘောတွေက မင်းကွန်းမှာ တထောင့်နားကြတယ်။ အဲကနေ ဆက်သွား တဲ့အချိန်မှာ ရှေ့ပြေးသင်္ဘောက စက်လက်နဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကျည်ထိသွားတာ"လို့ မတ္တရာဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ စိန်ပန်းကုန်းရွာခံ သားအမိ ၂ဦးမှာ မြစ်ကမ်းနံဘေးမှာရှိတဲ့နေအိမ်ထဲရှိနေချိန် ကျည်ထိမှန်ခဲ့ တာဖြစ်ပြီး အချိန်မီဆေးကုသမှုပေးနိုင်ခဲ့တာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ဒေသခံ PDF တွေက စစ်ကောင်စီတပ်ရဲ့သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်တာမရှိဘဲ စိန်ပန်းကုန်းကျေးရွာကို အကြောင်းမဲ့သက်သက် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ပစ်ခတ်ခဲ့တဲ့သင်္ဘောတွေဟာ ဒီကနေ့မှာ မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းကနေ လက်နက်၊ ရိက္ခာ တွေ တင်ဆောင်ပြီး ဗန်းမော်မြို့နယ်ဘက်ကို ထွက်ခွာလာတဲ့ စစ်သင်္ဘော ၉ စီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်သင်္ဘောတွေအတွက် ဧရာဝတီမြစ်ကြောင်းတလျှောက်လုံခြုံရေးယူပေးတဲ့အနေနဲ့ စစ်ကောင်စီတပ်တချို့ က မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးရာမှာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရသလို အသတ်ခံရတဲ့ ဒေသခံ ၃ ဦးရှိသွားပြီလို့ မတ္တရာမြို့နယ်က ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #ဗန်းမော် #စစ်ကောင်စီ #စစ်သင်္ဘော #စိန်းပန်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10