မန္တလေးမှာ တကိုယ်တော်ဆန္ဒပြတဲ့ အမျိုးသမီးအပါ ၂ဦးဖမ်းခံရပြီး ကျောက်ဝိုင်းက ဆိုင် ၉၀ ကျော်ပိတ်ခံရ

မန္တလေးမှာ တကိုယ်တော်ဆန္ဒပြတဲ့ အမျိုးသမီးအပါ ၂ဦးဖမ်းခံရပြီး ကျောက်ဝိုင်းက ဆိုင် ၉၀ ကျော်ပိတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေး စခန်းအတွင်းက ဆိုင်ခန်းပေါင်း ၉၀ ကျော် ပိတ်ခံရတယ်လို့ ကျောက်ဝိုင်းအသိုင်းအဝိုင်းထံက သိရပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မနက် ၈ နာရီလောက်ကစပြီး စည်ပင်သာယာ၊ ရဲနဲ့စစ်ကောင်စီအဖွဲ့တွေက ကျောက်ဝိုင်းထဲက ဆိုင်တွေကို ၆ လ၊ ၈ လ ရောင်းချခွင့်ပိတ်တယ်ဆိုတဲ့အကြောင်း စာလိုက်ကပ်ခဲ့တယ်လို့ ဆိုပါတယ်။

"မနေ့ကတည်းက မဖွင့်တဲ့ ဆိုင်တွေကို ဓာတ်ပုံလိုက်ရိုက်ပြီး ဒီမနက်မှာ ပိတ်တယ်ဆိုပြီး စာလိုက်ကပ်တာ။ မဖွင့်ရဘူး လာဖွင့်ရင် အရေးယူခံရမယ်ဆိုပြီး ပြောသွားတယ်" လို့ ကျောက်အရောင်းအဝယ်လုပ်သူတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်း ၃ နှစ်ပြည့် ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်မှာ ပါဝင်ပြီးဆိုင်ပိတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်တွေပိတ်ခံရတာလို့ သိရပါတယ်။

အဲဒီ ၁ ရက်မှာပဲ မန္တလေးထဲက မြို့နယ်တော်တော်များများမှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတောအတွင်း ပြည်သူတွေက အသံတိတ်သပိတ်မှာ ပါဝင်ပြီး လမ်းပေါ်မထွက်ခဲ့ကြဘူးလို့ ဆိုပါတယ်။

မန္တလေးပြည်သူတွေ အသံတိတ်သပိတ်မှာ ပါဝင်တဲ့ဓါတ်ပုံအချို့ကို လူမှုကွန်ယက်စာမျက်နှာမှာ တင်မိတဲ့ Kyaw Saw Lin အကောင့်ပိုင်ရှင်နဲ့ ဦးပိန်တံတားပေါ်မှာ တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ အမျိုးသမီးငယ် ၁ ဦးကိုလည်း စစ်ကောင်စီဘက်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မန္တလေးမြို့နယ် #ကျောက်ဝိုင်း #အသံတိတ်သပိတ် #ဆန္ဒဖော်ထုတ် #လူထုလှုပ်ရှားမှု #ဦးပိန်တံတား #စစ်ကောင်စီ #နွေဦးတော်လှန်ရေး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10