မန္တလေးမှာ ပန်းပန်တဲ့အမျိုးသမီး တဒါဇင်လောက်ကို စစ်တပ်က ဖမ်းဆီး

မန္တလေးမှာ ပန်းပန်တဲ့အမျိုးသမီး တဒါဇင်လောက်ကို စစ်တပ်က ဖမ်းဆီး

မန္တလေးမြို့မှာ ပန်းပန်တဲ့အမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ လိုက်လံဖမ်းဆီးနေပြီး လက်ဖက်ရည်ဆိုင်ဝန်ထမ်းတွေအပါအဝင် အမျိုးသမီးတဒါဇင်လောက် ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေဆီက နေသိရပါတယ်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်က အမျိုးသမီး ၄ ဦးကို စစ်တပ်က ပန်းပန်ထားလို့ဆိုပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

အလားတူ လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေတဲ့ လူငယ်တဦးကိုလည်း ပန်းပန်ထားလို့ဆိုပြီး ရိုက်နှက်ဖမ်းဆီး သွားသလို အတူထိုင်နေတဲ့လူငယ်ကိုပါ ကားပေါ်ဆွဲတင်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

"အရပ်ဝတ်တွေ ချထားတာ။ အဲဒီလူတွေက သတင်းပေးပုံပဲ။ ဆိုင်ထဲအထိ ဝင်ဖမ်းတာ" လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်မှာလည်း အမျိုးသမီး ၄ ဦးကို ပန်းပန်ထားလို့ စစ်ကောင်စီက ဖမ်းဆီးထားတဲ့အကြောင်း ဖော်ပြထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ မန္တလေးမြို့၊ စျေးတွေထဲက ပန်းသည်တွေနဲ့ စျေးသည်တွေကိုပါ ရိုက်နှက် ကာ ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့သိရပြီး အဲဒီလူစာရင်းကိုတော့အတိအကျ မသိရသေးပါဘူး။

စစ်ကောင်စီက ယခုလို တင်းကျပ်ဖမ်းဆီးနေပေမယ့် မန္တလေးမြို့ပေါ်က လူငယ်တွေဟာ ကျုံးဘေး၊ စန္ဒာမုနိဘုရားနဲ့ အိမ်တော်ရာဘုရားတို့မှာ "ရွှေမန်းမြေက ပန်းသပိတ်" ခေါင်းစဥ်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

သတင်း - N၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #ပန်းပန် #အမျိုးသမီး #စစ်ကောင်စီ #လက်ဖက်ရည်ဆိုင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10