မန္တလေးမှာ မိသားစုဝင် ၃ ဦး တပြိုင်တည်းအသတ်ခံရ

မန္တလေးမှာ မိသားစုဝင် ၃ ဦး တပြိုင်တည်းအသတ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အောင်သပြေရပ်၊ ၁၀ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားရှိ အိမ်တအိမ်မှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၁ ရက်ညနေပိုင်းမှာ အသက် ၆၀ အရွယ် ဦးမြင့်စိုးအပါအဝင် မိသားစု ၃ ဦးကို ဖုန်းဆက်သွယ်မရလို့ ဆွေမျိုးတွေကနေအိမ်ကိုရောက်လာပြီး အိမ်တံခါးဖျက်ဝင်ချိန်မှာ နေအိမ်အတွင်း အသတ်ခံထားရတာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

"အမေနဲ့သားက အိပ်ခန်းအတွင်းမှာ အသတ်ခံထားရတယ်။ အဖေဖြစ်သူက ရေချိုးခန်းထဲမှာ အသတ်ခံထားရတယ်။ သူတို့မိသားစုက ၅ ဦးမှာ သမီး ၂ ယောက်က ပြည်ပမှာအလုပ်လုပ်နေတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ဦးမြင့်စိုး အပါအဝင် ဇနီးဖြစ်သူဒေါ်မြသန်း၊ သားဖြစ်သူ အသက် ၄၀ အရွယ် ကိုထင်လင်းစိုးတို့မှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။

လူသတ်မှုဖြစ်တဲ့ နေအိမ်ထဲရှိ အဝတ်ဗီဒိုတွေနဲ့ အံဆွဲတွေ ဖွင့်လှစ်ရှာဖွေခံထားရပြီး တန်ဖိုးရှိ ရွှေငွေနဲ့ လက်ဝတ်လက်စားတွေလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။  

ဒေသခံတွေကတော့ ဒီလူသတ်မှုဟာ ဓားပြတိုက်ပစ္စည်းယူပြီးသတ်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပြီး လူသတ်မှုနဲ့ပတ်သက်တဲ့ လူသတ်တရားခံတွေကိုတော့ ဧပြီ ၁၂ ရက် ဒီမနက်ပိုင်းအထိ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ဆိုပါတယ်။ 

ဧပြီ ၁၀ ရက် ညပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မင်းဂံရွာအနီးမှာ အိုးဝေမောင်းသူ အမျိုးသားတဦး အသတ်ခံရပြီးနောက် အိုးဝေကိုလုယူသွားတဲ့ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါသေးတယ်။ 

ပုံစာ - အသတ်ခံရသူ ကိုထင်လင်း။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #လူသတ်မှု #သုံးလောင်းပြိုင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10