မန္တလေးမှာ ရပ်ကွက်ရုံးအတွင်း ဗုံးပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံ

မန္တလေးမှာ ရပ်ကွက်ရုံးအတွင်း ဗုံးပေါက်ကွဲပြီး စစ်သား ၃ ဦးသေဆုံ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ 62 x 117 လမ်းရှိ (ဃ)ရပ်ကွက်ရုံးအတွင်းဗုံးပေါက်ကွဲပြီး အဲ့ဒီရုံးမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာလ ၂၃ ရက်မနေ့ည ၈ နာရီ ၄၅ မိနစ်လောက်မှာ အဲ့ဒီရုံးအတွင်းကို ဒေသခံကာကွယ်ရေးတပ်တွေက ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ပေမယ့် ချက်ချင်းပေါက်ကွဲမှုမရှိပဲ အဲ့ဒီဗုံးကို စစ်ကောင်စီတပ်သားတွေစစ်ဆေးနေချိန်ကျမှ ပေါက်ကွဲခဲ့တာလို့ Anonymous Force MDY တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။ 

“ဗုံးက error ဖြစ်ပြီး မပေါက်ကွဲဘူး။ ၉ နာရီလောက်မှာ စစ်သားတွေစစ်ဆေးနေချိန်မှာ ထပေါက်သွားတာ။ စစ်သား ၃ ကောင်သေတယ်။ ဘယ်စစ်တပ်ကလဲတော့အသေးစိတ်မသိရဘူး” လို့  ပြောပါတယ်။

အဲ့ဒီရုံးအတွင်းမှာ စစ်သား ၁၅ ဦး တပ်စွဲနေထိုင်နေတာဖြစ်ပြီး၊ တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ ဒီပေါက်ကွဲမှုကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို Anonymous Force MDY နဲ့ Brother Defense Force တို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ အဆင်မြင့်ရဲစခန်းဂိတ်ပေါက်ဝမှာ စောင့်နေတဲ့ ရဲတွေကို Anonymous Force MDY လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10