မန္တလေးမှာ ရဲယူနီဖောင်းဝတ်ထားသူအပါ လူ ၄ ဦးက ရွှေဆိုင်ကို ဓားပြတိုက် (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ရွှေပန်းတိမ်ဆိုင်တခုကို ဒုရဲအုပ် အဆင့်တံဆိပ်တပ်ဆင်ထားတဲ့ ရဲယူနီဖောင်းဝတ်တဦးအပါ လူလေးဦးက ဓားပြဝင်တိုက်ကာ ရွှေထည်ပစ္စည်းတချို့ယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မတ် ၂၈ ရက်ညနေ ၅ နာရီလောက်မှာ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြား၊ သီရိမာလာအရှေ့ရပ်ကွက်ရှိ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်ကို Mark II ကားနဲ့လာပြီး ဓားပြတိုက်တာ လို့ ဆိုပါတယ်။ 

"သေနတ်နဲ့ပစ်ဝင်လာပြီး စစ်ဆေးစရာရှိတယ်လို့ပြောလို့ ကောင်တာတွေကို လှပ်ပြတဲ့အချိန် ယူတာလို့ သိရပါတယ်။ ရွှေလက်စွပ်၊ နားကပ်တွေပါသွားတယ်လို့ပြောတယ်” လို့ဒေသခံတဦးက ပြောပါတယ်။

ဒီဓါးပြတိုက်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒီတကြိမ်နဲ့ဆိုရင် မန္တလေးမြို့တွင်းမှာ မတ်လတတိယပတ်အတွင်း ဓါးပြတိုက်ခံရတာ ၂ ကြိမ်မြောက်ရှိပြီလည်း ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ မတ် ၂၅ ရက် မနက် ၁၁ နာရီလောက်ကလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်းနဲ့ ၃၁ လမ်း ဆေးတက္ကသိုလ်အနောက်ဘက်ရှိ ကမ္ဘောဇဘဏ်ခွဲမှာ ဓါးပြတိုက်ခံရပြီး ကျပ်သိန်း ၂၀၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်နိုဝင်လာလကလည်း အောင်မြေသာစံမြို့နယ်၊ လမ်း ၃၀၊ ၇၂ လမ်းနဲ့ ၇၃ လမ်းကြားရှိ “အောင်” ရွှေဆိုင်ကို လူတစုက Mark II ကားနဲ့လာပြီး ဓါးပြတိုက်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စာတည်း - လင်း၊ တည်းဖြတ် -HP

#မြေလတ်အသံ

#မန္တလေး #အောင်မြေသာစံ #ရွှေပန်းတိမ်ဆိုင် #ဓါးပြတိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10