သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးမြို့၊ ဂေါဝန်ဆပ်ကမ်းကနေ စစ်သင်္ဘော ၉ စီးဟာ ဇူလိုင် ၂၆ ရက် မနက် ၆နာရီကျော်မှာ ဗန်းမော်မြို့နယ်ဘက်ကို ဆန်တက်လာနေတယ်လို့ ဒေသခံ PDF အဖွဲ့တွေက ပြောပါတယ်။
အဲ့ဒီသင်္ဘော၉စီးကို လုံခြုံရေးလိုက်ပါလာတဲ့ စစ်ကောင်စီတပ်သား ၂၀၀ ကျော်ပါပြီး စားနပ်ရိက္ခာ၊ လက်နက်ပစ္စည်းတွေကို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဗန်းမော်မြို့နယ်ဘက်ကို ပို့ဆောင်ဖို့လာတာလို့ ဆိုပါတယ်။
"အဓိကတော့ စစ်လက်နက်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာပါလာတယ်လို့ သိထားရတယ်။ အင်အားကတော့ လုံခြုံရေးအဖြစ် စစ်သား ၂၀၀ ကျော်၊ ၃၀၀ လောက်ပါတယ်" လို့ ဗန်းမော် PDFမှ ရဲဘော် တဦးက ပြောပါတယ်။
လက်ရှိမှာ အဲ့ဒီသင်္ဘော ၉ စီးဟာ မင်းကွန်းမြို့ နယ်ကို ကျော်လွန်လာနေပြီး နောက်ထပ် ၁ နာရီကျော်လောက်ဆိုရင် ဝက်လက်မြို့နယ်ဘက်ကို ရောက်ရှိလာမှာဖြစ်တာကြောင့် ဒေသခံတွေကို ရှောင်တိမ်းကြဖို့ သတိပေးထားတယ်လို့ ဝက်လက် PDF က ပြောပါတယ်။
"ဒီသင်္ဘောတွေက တက်လာရင် တောက်လျှောက်ပစ်တာ။ အဲ့ဒါကြောင့် စကစတွေက ပစ်ရင် ကျနော်တို့လည်း ပစ်ဖို့အဆင့်သင့် လုပ်ထားတယ်" လို့ ဝက်လက် PDF မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
အခု ဗန်မော်မြို့နယ်ဘက်ကို ဆန်တက်လာတဲ့ သင်္ဘော ၉ စီး အနက် ၃ စီးမှာ ရှေ့ပြေးအဖြစ် အသုံးပြုကာ နောက်ထပ် ၆ စီးမှာ ထောက်ပို့ပစ္စည်းတွေနဲ့ လက်နက်ပစ္စည်းတွေ အဓိက တင်ဆောင်လာတာဖြစ်တယ်လို့ မန္တလေးခရိုင်တပ်ရင်း ၄ မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ယခင်က ဂေါဝန်ဆိပ်ကမ်းကနေ အခုလိုမျိုး သင်္ဘော ၉ စီး တပြိုင်နက်တည်း သွားတာမရှိဘဲ တစီး၊ ၂ စီးသာ သွားတတ်သလို စစ်ကောင်စီတပ်က ထောက်ပို့လုပ်တာတွေကို ကုန်းကြောင်း၊ လေကြောင်းကနေ ပို့ဆောင်တာ အဆင်မပြေဖြစ်တာကြောင့် အခုလိုသင်္ဘော အင်အားအများအပြားသုံးကာ ပို့ဆောင်နေတာဖြစ်တယ်လို့ ဒေသခံ PDF အဖွဲ့တွေက ပြောဆို ကြပါတယ်။
ပြီးခဲ့တဲ့ဇွန် ၂၈ ရက်မှာလည်း မုံရွာ နမခ တပ်မကနေ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း (ပျူ)ရွာစခန်းကို စားနပ်ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေပို့ဆောင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ကုန်တင်ရေယာဉ် ၃ စီးကို ဒေသကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးသေဆုံးကာ ရေယာဉ်တစီးမှာလည်း နစ်မြုပ်သွားခဲ့တယ်လို့သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မန္တလေးမြို့၊ #ဂေါဝန်ဆပ်ကမ်း #စစ်သင်္ဘော #ဗန်မော် #စားနပ်ရိက္ခာ
Share Share Share