သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေး-မုံရွာလမ်းမပေါ်မှာ မန္တလေး-မြစ်ကြီးနားသွားခရီးသည်တင်ကား ၁ စီးတိမ်းမှောက်ပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့လယ် ၁၂ နာရီကျော်ခန့်မှာ မန္တလေးဘက်နေ မြစ်ကြီးနားဘက်ကို ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးလိုက်ပါလာတဲ့ NISSAN AD အမျိုးအစားကားဟာ ရွာထောင်ရပ်ကွက်လမ်းပေါ်မှာ တိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။
"ရှေ့ကလိုက်ထရပ်က အကြောင်းမဲ့ ပညာပြချင်လို့လားဘာလားမသိ ဘရိတ်အုပ်လိုက်တာ။ သူက ကပ်ပြီး ကားကိုရှောင်လိုက်တာ။ သူ့ကားအပေါ် ဝိတ်က ကား ၁ စီးစာမက တင်ထားတော့ ကြက်ခြံ ကဝိတ်က ကားကိုဆွဲလှဲလိုက်သလိုဖြစ်သွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
ယာဥ်တိမ်းမှောက်တာကြောင့် ယာဥ်ပေါ်ပါ အသက် ၅ နှစ်ကျော်အရွယ် မိန်းကလေး ၁ ဦး၊ အသက် ၃၀ ကျော်အရွယ်အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး စုစုပေါင်း ၅ ဦး (မစိုးရိမ်ရ) ဒဏ်ရာတွေ ရခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေက ဒဏ်ရာမပြင်းထန်တာကြောင့် ဒေသခံပရဟိတတွေက ပွန်းပဲ့ဒဏ်ရာတွေကို ဆေးထည့်ပေးပြီး ခရီးသည်တွေကတော့ အခြားကားနဲ့ ခရီးဆက်သွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၄ ရက်ကလည်း စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်ဘုရား တောင်တက်လမ်းမှာ အလှူလာလုပ်တဲ့ ကားတိမ်းမှောက်ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ခရီးသည်တင်ကား #တိမ်းမှောက် #ဒဏ်ရာရ
Share Share Share