သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) (MDYPDF) ရဲ့ အချုပ်သားတွေထားရှိရာ အဆောင်နေရာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး လူ ၆၀ ကျော်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ MDYPDF က အောက်တိုဘာ ၂၉ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၈ ရက် မနေ့ညနေ ၃ နာရီခွဲအချိန်မှာ စစ်တပ်ကလေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ဘီလူးစစ်ကြောင်းကစစ်သုံ့ပန်းတွေနဲ့ အခြားစစ်သုံ့ပန်းတွေထားရာ အဆောက်အအုံတွေကို ထိမှန်ခဲ့တာလို့ ဖော်ပြထားပါတယ်။
သေဆုံးခဲ့တဲ့စစ်သုံ့ပန်းတွေဟာ တိုက်ကြီးအခြေစိုက် ခမရ ၇၀၈ တပ်ရင်းက ဗိုလ်ကြီးထွန်းနိုင်၊ ဒုတပ်ကြပ်ထက်နောင်နောင်စိုး၊ ဒုတပ်ကြပ်ဖိုးချို၊ တပ်ကြပ်ခင်မောင်ထွန်း၊ ရေနံချောင်းအခြေစိုက် ခလရ ၇၇ က ဒုတပ်ကြပ် သီဟငြိမ်း၊ မတ္တရာ၊ အင်ကြင်းမြိုင်တပ် လကတ ၁၀၁၄ က တပ်ကြပ်ကြီး/ စာရေးရန်နိုင်အောင်နဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၈ ဦး ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေနဲ့ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့ပေမယ့် စစ်ကောင်စီတပ်က ၎င်းတို့ တပ်ဖွဲ့ဝင်ဟောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်သွားတာကိုတွေ့ရတယ်လို့ MDYPDF က ဆိုပါတယ်။
စစ်တပ်ကတော်လှန်ရေးတပ်တွေသိမ်းထားတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး မနေ့ကလည်း မတ္တရာမြို့နယ်ရွာသစ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#မန္တလေး #MDYPDF #လေကြောင်းတိုက်ခိုက် #သုံ့ပန်း #သေဆုံး
Share Share Share