သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းအတွင်း စစ်ကောင်စီလက်အောက်တပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ပစ်ခတ်ဖောက်ခွဲမှုတွေပြုလုပ်ခဲ့တဲ့ မန္တလေး PDF ၆ ဦးကို ဖမ်းမိထားတယ်လို့ ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်ထုတ် စစ်ကောင်စီထိန်းချုပ်မြန်မာ့အလင်းသတင်းစာက ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက်၂၅ နဲ့ ၅၀ နှစ် အကြားရှိ ကိုထွန်းထွန်းမြင့်၊ ကိုနန်းဝင်းစိုး(ခ)နိုင်ဝင်းစိုး၊ ကိုအောင်အောင်(ခ)အောင်လေး၊ ကိုဇော်ဇော်ထွန်း (ခ)ဇော်လတ်၊ ကိုသူရိန်ထွန်းနဲ့ ကိုမင်းခန့်(ခ)ဂူဂူးတို့ဖြစ်ကာ ဖေဖော်ဝါရီလပထမပတ်အတွင်း ချမ်းမြသာစည်နဲ့ စဉ့်ကိုင်မြို့နယ်တွေမှာ ပစ္စတိုသေနတ် ၄ လက်၊ ကျည်ဆန် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁၃ နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဖမ်းမိထားသူတွေဟာ ၂၀၂၄ ကစတင်ကာ မန္တလေးတိုင်းအတွင်းက စစ်ကောင်စီလက်အောက်ယာဉ်ထိန်းရဲတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုပစ်ခတ်မှု ၉ ကြိမ်နဲ့ ဖောက်ခွဲမှု ၂ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။
စစ်ကောင်စီထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်းအတွင်းစစ်ရေးးလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ပေးရေးအသင်း-AAPP ရဲ့ ဖေဖော်ဝါရီ ၁၉ ရက် ထုတ်ပြန်ချက်စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူ ၂၈,၆၂၀ ဦးရှိပြီး လက်ရှိဖမ်းဆီးခံထားရဆဲ ၂၁,၈၇၃ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
#မြေလတ်အသံ
#MDYPDF #မန္တလေး #ဖမ်းဆီး #စစ်ကောင်စီ
Share Share Share