မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးမှာ တိုက်ခိုက်ရေးလေယာဥ်ငယ်တွေနဲ့ တိုက်ပွဲဝင်နေပြီ (ရုပ်/သံ)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းမှာ စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ ၁ နှစ်ကျော်ကြာ ကြိုးစားခဲ့ရတဲ့ တိုက်ခိုက်ရေးလေယာဥ်ငယ်တွေနဲ့ တိုက်ပွဲဝင်နေပြီဖြစ်တယ်လို့ Myingyan District Drone Strike Team တာဝန်ခံက ​ပြောပါတယ်။

အညာတခွင်မှာ ဝေဟင်စိုးမိုးမှု လုပ်နိုင်ဖို့နဲ့ စစ်ကောင်စီတပ်တွေကို မြေပြင်ရော၊ ဝေဟင်ကပါ ထိရောက်စွာ တိုက်ခိုက်နိုင်ဖို့ တိုက်ခိုက်ရေးလေယာဥ်ငယ်တွေကို တီထွင်ထုတ်လုပ် တိုက်ပွဲဝင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်ရေးလေယာဥ်ငယ်တွေနဲ့ ဒရုန်းတိုက်ခိုက်ရေးတွေ မစတင်နိုင်ခင်က စစ်ကောင်စီထိုးစစ်တွေကို ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ စစ်ကောင်စီထိုးစစ်တွေ သိသိသာသာ လျော့ကျသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ရေးလေယာဥ်ငယ်တွေ ထုတ်လုပ်ချိန်မှာ ကုန်ကြမ်းပစ္စည်း ဝယ်ယူသယ်ဆောင်ဖို့ခက်ခဲတာ၊ ငွေကြေးလိုအပ်ချက်တွေစတဲ့ အခက်အခဲစိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်လုပ်ကိုင်ခဲ့ကြရပြီး ၁ စီးထုတ်လုပ်ကုန်ကျစရိတ်ဟာ ကျပ် ၁၅ သိန်းထိ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ တိုက်ခိုက်ရေးလေယာဥ်ငယ် ၅ စီးထိ ထုတ်လုပ်ထားနိုင်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး စတဲ့ တိုင်း ၃ ခုထဲက မြို့နယ်တွေမှာ တိုက်ပွဲအတွက် အသုံးပြုနေပြီဖြစ်ကာ မစ်ရှင်ပေါင်း ၁၅၀ လောက်ထိ လုပ်ထားနိုင်တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ Myingyan District Drone Strike Team အနေနဲ့ နွေဦးကံ့ကော်အင်ပါယာမှ ပြုလုပ်တဲ့ သိန်း ၁၅၀ ကျပ်(ခန့်မှန်းတန်ဖိုး) Multirotor Drone ပရောဂျက်ကို ဆောင်ရွက်နေပြီး ပြည်သူတွေက ပါဝင်လှူဒါန်းပေးဖို့ တောင်းဆိုထားပါတယ်။

တည်းဖြတ် - CM
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10