မန္တလေး-ရန်ကုန်မီးရထားလမ်းပိုင်းမှာ မိုင်းကွဲလို့ ကုန်တင်ရထားတွဲဆိုင်းတွေ ပျက်စီးတိမ်းမှောက်

မန္တလေး-ရန်ကုန်မီးရထားလမ်းပိုင်းမှာ မိုင်းကွဲလို့ ကုန်တင်ရထားတွဲဆိုင်းတွေ ပျက်စီးတိမ်းမှောက်

ပဲခူးတိုင်းဒေသကြီး၊ ကျေက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ မြောက်ဘက်အထွက် သပိတ်ချောင်းတံတားအနားမှာ မိုင်းကွဲလို့ ကုန်တင်ရထားတွဲဆိုင်းတွေ ပြုတ်ထွက်ပြီး သံလမ်းတွေလည်း ပြတ်တောက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ ၁၈ ရက် မနက် ၉ နာရီခန့်မှာ မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကိုလာတဲ့ ကုန်တင်ရထားဟာ သပိတ်ချောင်းတံတားအနားအရောက်မှာ မိုင်းကွဲလို့ တိမ်းမှောက်ကုန်တာ လို့ ဆိုပါတယ်။

"ဖြစ်တာက သပိတ်လှန်ဘုန်းကြီးကျောင်းအနော​က်ဘက် ကျောက်တံခါးနဲ့ ဖြူးမြို့နယ်ကို ခြားထားတဲ့ တံတားနားမှာဖြစ်တာ။ စက်ခေါင်းနဲ့ ရှေ့တတွဲက လွတ်သွားပေမယ့် နောက်တွဲတွေက ထိသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ပေါက်ကွဲမှုမှာ ကုန်တင်ရထား ၄ တွဲခန့် တိမ်းမှောက်ခဲ့ပြီး သံလမ်းတွေလည်း ပြတ်ထွက်သွားပေမယ့် ရထားမောင်းသူနဲ့ဝန်ထမ်းတွေ ထိခိုက်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး စစ်ဆေးမှုတွေပြုလုပ်နေကာ အပြင်လူတွေကို လာမကြည့်ခိုင်းတာကြောင့် ဘယ်လိုကုန်ပစ္စည်းတွေ တင်ဆောင်လာတယ်ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

ဇူလိုင်လ ၁၈ ရက်ညကလည်း ကျောက်တံခါးမြို့အထွက် ရင်းတို​က်ကုန်းကျေးရွာနား စစ်ကောင်စီအတွက် အရေးပါတဲ့ ရန်ကုန် - မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် (၁၀၃-၅) တံတားနဲ့ ရထားလမ်းကို မိုင်းထောင်ပြီး လမ်းကြောင်းဖြတ်တောက်ဖို့ KNLA ပူးပေါင်းအဖွဲ့တွေက လုပ်နေချိန် ရဲလှည့်ကင်းနဲ့တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ရဲ ၁ ဦးသေပြီး ၁ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။


စာတည်း - နွေဦးငြိမ်းချမ်း

#​မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ကျောက်တံခါး #ဖြူး #သယ်ယူပို့ဆောင်ရေး #မီးရထား #မိုင်းကွဲ #ရန်ကုန် #မန္တလေး #ထိခိုက်ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10