"မပြီး​သေးဘူး... နင်တို့အလှည့်လာမယ်" ရုပ်ရှင်ဇာတ်လမ်းတိုကို ဒီနေ့ညမှာ စတင်ပြသမယ်

"မပြီး​သေးဘူး... နင်တို့အလှည့်လာမယ်" ရုပ်ရှင်ဇာတ်လမ်းတိုကို ဒီနေ့ညမှာ စတင်ပြသမယ်

အောင်မြင့်မြတ်၊ ပိုင်ဖြိုးသုနဲ့ ကောင်းကောင်း(ကျီးကန်း)တို့ပါဝင်သရုပ်ဆောင်ထားတဲ့ "မပြီးသေးဘူး... ငါတို့အလှည့်ကျန်သေးတယ်" ရုပ်ရှင်ဇာတ်လမ်းတိုကိုထုတ်လုပ်ခဲ့တဲ့ Artists' Shelter နဲ့ Asia Justice and Rights - AJAR တို့ ထပ်မံထုတ်လုပ်ထားတဲ့ "မပြီး​သေးဘူး နင်တို့အလှည့်လာမယ်" ရုပ်ရှင်ဇာတ်လမ်းတိုကို အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့ ဒီနေ့ည ၇ နာရီမှာ ပြသသွားမယ်လို့ သိရပါတယ်။ 

ဒီဇာတ်ကားကို ဒါရိုက်တာ L LAY က ရေးသားရိုက်ကူးခဲ့တာဖြစ်ပြီး အောင်မြင့်မြတ်၊ ဂျပန်ကြီးနဲ့ T.ZIN တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြသလို MOKHA ဆိုတဲ့ ခွေးလေးတကောင်ကိုလည်း အထူးသရုပ်ဆောင်အနေနဲ့ ဇာတ်ကောင်တနေရာ ထည့်သွင်းရိုက်ကူးထားတယ်လို့ သိရပါတယ်။ 

ဒါရိုက်တာ L LAY ဟာ ပြည်တွင်းမှာ ဝတ္ထု၊ ဇာတ်ညွှန်းတွေရေးသားခဲ့သူတဦးဖြစ်ပြီး တော်လှန်ရေးကာလမှာ Artists' Shelter နဲ့ပူးပေါင်းကာ အာဏာရူးသန့်စင်ခဏ်း - Dictator’s Bathroom၊ မပြီးဘူး နင်တို့အလှည့်လာမယ်ရုပ်ရှင်ဇာတ်လမ်းတိုတွေနဲ့ Flying၊ မုန်တိုင်းကြားကသက်တံများ ပြဇာတ်တွေကို ရေးသားရိုက်ကူးထုတ်လုပ်ထားပါတယ်။ 

"လူ့ဘဝတုန်းက ဆိုးရွားရက်စက်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေ ငရဲပြည်ရောက်သွားတဲ့အခါ သူတို့အချင်းချင်း ဘာတွေပြောကြလဲ။ ငရဲပြည်ရောက်နေတာတောင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အသိတရားမရသေးတဲ့အပြင် ဆင်ခြေပေးလို့ကောင်းနေတုန်း အဲ့လို လူတွေကို​ရော ဘယ်လိုတရားစီရင်ကြမလဲ။ ကျူးလွန်သူတွေဟာ တချိန်ချိန်မှာ မလွဲမသွေ ပြစ်ဒဏ်ခံရမှာပဲ (Transitional Justice Will Combat Against Impunity)" ဆိုတဲ့ သတင်းစကားကို ပြည်သူတွေဆီ အရောက်ပို့ဖို့ အဓိကရည်ရွယ်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုတခုလည်းဖြစ်ပါတယ်။ 

ဒီရုပ်ရှင်ဇာတ်လမ်းတိုကို Artists' Shelter ရဲ့ Youtube, Facebook Page နဲ့ Transitional Justice in Burma Facebook Page တို့က​နေ ကြည့်ရှုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#အနုပညာသတင်း #ShortFilm #L.LAY #အောင်မြင့်မြတ် #T.ZIN #ဂျပန်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10