မဘသ အမာခံဒါယကာ မိုးထိမိုးမိရွှေတွင်းလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မဘသ အမာခံဒါယကာ မိုးထိမိုးမိရွှေတွင်းလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို စက်တင်ဘာ ၂၇ ရက်တွင် စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပြီး ၎င်းပိုင်ရွှေတွင်းလုပ်ငန်းတွေကို သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတော်ကိုပေးသွင်းရန် ရွှေပိဿာ ၁၂၉၃ ပိဿာကျန်ရှိခြင်း၊ ရွှေထုတ်လုပ်မှုရပ်ဆိုင်းထားဖို့ ညွှန်ကြားချက်တွေကို မလိုက်နာခြင်းတို့နဲ့ ၂၀၁၈ ခုနှစ်မှာ တရားစွဲဆိုခံထားရတဲ့ ဦးစိုးထွန်းရှိန်ကို မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်တရားရုံးမှာ မနေ့ကအမိန့်ချမှတ်လိုက်တာလို့ ရမည်းသင်းအကျဉ်းထောင်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းဆီက သိရပါတယ်။

"ရမည်းသင်းခရိုင်တရားရုံးမှာ မနေ့က သူ့ကို ထောင် ၁၀ နှစ်ချလိုက်တယ်။ အလုပ်ကြမ်းတော့မပါဘူး။ သူ့ ရွှေလုပ်ငန်းအချို့ကိုလည်း သိမ်းခံထားရတယ်" လို့ ရမည်းသင်းအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရွှေတွင်းလုပ်ငန်းရှင် ဦးစိုးထွန်းရှိန်ရဲ့ ရွှေလုပ်ငန်းအချို့ကို စစ်ကောင်စီက သိမ်းဆည်းထားပြီးနောက် ၎င်းကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာလို့ သိရပါတယ်။

မိုးထိမိုးမိ ရွှေတွင်းလုပ်ငန်းနဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန် ကို အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိချမှတ်နိုင်တဲ့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပါ ပုဒ်မ ၃ နဲ့ အမျိုးသားဒီမိုကရေစီ (NLD) အစိုးရလက်ထက်က တရားစွဲဆိုခဲ့တာဖြစ်ပြီး ၎င်းကို ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချခံထားရတာပဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဦးစိုးထွန်းရှိန်က ၂၀၂၃ ခုနှစ် မတ် လ ၉ ရက်က စစ်ကောင်စီရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ အားသွန်ခွန်စိုက် ပါ၀င်လုပ်ကိုင်မှာဖြစ်လို့ ၎င်းကိုပြန်လွှတ်ပေးဖို့ဆိုပြီး စစ်ကောင်စီဥက္ကဋ္ဌဆီ အသနားခံစာတင်ခဲ့သေးတယ်လို့ သိရပါတယ်

အလားတူ သူ့ထောက်ပံ့ထားတဲ့ အမျိုးဘာသာသာနာစောင့်ရှောက်ရေး(မဘသ) အဖွဲ့၀င်တွေက ဦးစိုးထွန်းရှိန်ကို အကျဉ်းထောင်မှပြန်လည်လွှတ်ပေးရန် စစ်ကောင်စီထံ တောင်းဆိုတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မိုးထိမိုးမိ #အမျိုးသားကြီးပွားတိုးတက်ရေး #ရွှေလုပ်ငန်းရှင် #ဦးစိုးထွန်းရှိန် #ထောင်ဒဏ် #၁၀နှစ် #ချမှတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10