မလေးရှားရောက် မြန်မာတွေက စဉ့်ကူးနယ်က စစ်ရှောင်တွေကို ငွေ ၂၂ သိန်းနဲ့ ဆန် ထောက်ပံ့(ရုပ်/သံ)

စစ်ကိုင်းတိုင်းထဲကို ရောက်နေကြတဲ့ စဉ့်ကူးမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် မလေးရှားရောက် မြန်မာတွေက ကူညီထောက်ပံ့တဲ့ ငွေသားအပါအဝင် ဆန်အိတ်တွေကို Eagle Guerrilla Force အဖွဲ့ကတဆင့် ဒီနေ့ဖေဖော်ဝါရီလ ၁၆ ရက်မှာ သွားရောက်ပေးအပ်ခဲ့ပါတယ်။ 

မလေးရှားနိုင်ငံက ဂျိုဟိုးစီနိုင်း ၂၂၂၂၂ လုံး ပြည်ပထောက်ပို့အဖွဲ့ကနေ လှူဒါန်းတဲ့ ငွေကျပ် ၂၂ သိန်းကို ပအဖအဖွဲ့တွေက စီမံခန့်ခွဲပြီး အိမ်ထောင်စု ၃၉၂ စုကို ထောက်ပံ့ပေးခဲ့တာလို့ Eagle Guerrilla Force အဖွဲ့မှ တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။

"မလေးရှားနိုင်ငံ ဂျိုဟိုးစီနိုင်း ၂၂၂၂၂ လုံးအဖွဲ့က စစ်ရှောင်တွေကို ကူညီချင်တယ်ဆိုလို့ ကျနော်တို့နဲ့ ချိတ်ဆက်ပြီး ငွေချပေးတာပါ၊ စဉ့်ကူးမြို့နယ်ထဲက စစ်ရှောင်တွေက စစ်ကိုင်းတိုင်းထဲကိုရောက် လာတာ၊ အဲဒီစစ်ရှောင်တွေကို ဆန်နဲ့အခြားဆက်စပ်ပစ္စည်းတွေ သွားရောက်လှူဒါန်းတာ၊ အိမ်ထောင်စု ၃၉၂ စုစာ လှူဒါန်းနိုင်ခဲ့တယ်၊ စစ်ရှောင်တွေက အုပ်စုလေးတွေဖွဲ့ပြီးနေပြီး အများဆုံးနေတာက ဘုန်းကြီးကျောင်း ၁ ကျောင်းမှာနေရတာ၊ ကျနော်တို့က ရပ်ကျေး ပကဖ တွေဆီကို ပေးခဲ့တာ" လို့ ပြောပါတယ်။

ဒါ့အပြင် မီးဘေးသင့် အိမ် ၃၆ လုံးအတွက် တအိမ်ကို ၁ သောင်း၊ စစ်ရှောင် ၂၂ ဦးအတွက် ၁ ဦးကို ၄ သောင်းနဲ့ လက်ရှိစစ်ရှောင်အိမ်ခြေပေါင်း ၃၀၀ ကျော်အတွက် ဆန် ၁၂ ပြည်ဝင်အိတ် ၃၀ ကိုလည်း လှူဒါန်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိစစ်ကိုင်းနယ်ထဲမှာ စဥ့်ကူနယ်ကထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ၁၇၀၀ ကျော်ရှိနေပြီလို့လည်း ဖြစ်ပါတယ်။ 

 

တည်းဖြတ် - CM

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10