သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မဟာဗောဓိမြိုင်ဆရာတော်ကြီး ဝနဝါသီဉေယျဓမ္မသာမိထေရ် ဒီကနေ့ ဧပြီလ ၃ဝ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်တွင် ခန္ဓာချုပ်ငြိမ်း ရုပ်သိမ်းတော်မူခဲ့ကြောင်း ဆရာတော်ကြီးရဲ့တပည့်သာဝကတွေဆီက သိရပါတယ်။
ဆရာတော်ကြီးမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဉေယျဓမ်တောရမှာ သီတင်းသုံးနေစဉ် ယနေ့ နေ့လယ် ၁ နာရီ ၁၀ မိနစ်တွင် ခန္ဓာချုပ်ငြိမ်းတော်မူသွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
“ ဆရာတော်ကြီးက သီတင်းသုံးနေထိုင်တဲ့ ဉေယျဓမ်တောရမှာပဲ ခန္ဓာချုပ်ငြိမ်းသွားတာပါ။ ရုပ်ကလာပ်တော်ကို အဲ့ဒီတောရမှာပဲ အပူဇော်ခံထားပါတယ်။ စျာပနလုပ်မယ့်ရက်ကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်” လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့တပည့် ရဟန်းတပါးမှ မိန့်ပါတယ်။
ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော် (၈၃) နှစ်၊ သိက္ခာတော် (၄၅) ဝါ ဖြစ်ပြီး ဆရာတော်ကြီးမှာ ကန့်ဘလူမြို့နယ် မင်းကုန်းကျေးရွာဇာတိဖြစ်တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#မဟာဗောဓိမြိုင်ဆရာတော်ကြီးသတင်း #မဟာဗောဓိမြိုင်ဆရာတော်ကြီး #စစ်ကိုင်း #ဆရာတော်ကြီး #ပျံလွန်
Share Share Share