မအူရဲစခန်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားအနားမှာရှိတဲ့ မအူရွာရဲစခန်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Salingyi Special Task Force - SSTF အဖွဲ့ဆီက သိရပါတယ်။

မအူရဲစခန်းကို ဗုံးကြဲချဖို့အတွက် နယ်မြေခံအဖွဲ့တွေက အကူအညီတောင်းတာကြောင့် ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာလို့ Special Task Force - SSTF မှ ရဲဘော်တဦးက ပြောပါတယ်။ 

မအူရဲစခန်းဟာ ရွာအလယ်မှာတည်ရှိနေပြီး နေ့လယ်ခင်းကစတင်ကာ ညနေပိုင်းအထိ ဗုံးသီး ၁၃ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်လို့ သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ သူကပြောပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုကို Salingyi Special Task Force - SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAFနှင့် နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကလည်း ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းကို Salingyi Special Task Force - SSTF အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံသတင်း #မကွေးတိုင်း #ရေစကြိုမြို့နယ် #မအူရွာရဲစခန်း #မောင်းသူမဲ့လေယာဉ် #ဗုံးကြဲတိုက်ခိုက် #မြေလတ်သတင်း #SSTF #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10