မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းက ပန်းသပိတ်ပြုလုပ်

မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းက ပန်းသပိတ်ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ရဲ့ တနေရာမှာ ဇွန်လ ၁၉ ရက် ဒီနေ့ မနက် ၇ နာရီလောက်က မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်းက ပန်းသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူသွားကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းသပိတ်လှုပ်ရှားမှုမှာ ပူးပေါင်းလုပ်ဆောင်ဖြစ်တာလို့ မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

"ကျနော်တို့အနေနဲ့ ဒီလှုပ်ရှားမှုကနေ အကြမ်းဖက်စစ်ကောင်စီဆီက ဘာမှ တောင်းဆိုစရာမရှိပါဘူး၊ ​ပြောချင်တာက ဆန္ဒပြတာတော့မဟုတ်ဘူးပေါ့ဗျာ၊ သူတိုဘက်က စပြီးလက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့လို့ ကျနော်တို့လူငယ်တွေ လက်နက်ကိုင်ပြီး ပြန်ခုခံခဲရတာ အားလုံးအသိပါပဲ" လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်၊ အမှတ် ၂ တပ်ရင်း ရဲဘော်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ပေါ်ပေါက်ရေးအတွက် အစွမ်းကုန်ကြိုးစားတိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူတွေ ဆက်လက်ပူးပေါင်း ပါဝင်ပေးကြဖို့ လိုတယ်လို့ ဆိုပါတယ်။

အဲဒီ ပန်းသပိတ်မှာ ရဲဘော်တွေက ပန်းပန်ပြီး အမေစုအမြန်လွတ်မြောက်ပါစေကြောင်း၊  တော်လှန်ရေးမှာကျဆုံးတဲ့ ရဲဘော်တွေအတွက် ဆုတောင်းတာနဲ့ အရေးတော်ပုံအောင်ရမယ်ဆိုပြီး ကြွေးကြော်ကြပါတယ်။

မိတ္ထီလာခရိုင်က ရဲဘော်တွေထဲမှာ ဝမ်းတွင်း၊ သာစည်၊ မိတ္ထီလာ၊ မလှိုင်စတဲ့ (၄) မြို့နယ်ပါဝင်ပြီးတော့ စစ်ကောင်စီကို ခုခံတော်လှန်မှုပြုလုပ်‌ဆဲဖြစ်တဲ့ ခရိုင်တခုဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#​မြေလတ်အသံ

#ပန်းသပိတ် #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #မန္တလေး #မိတ္ထီလာခရိုင် #အမှတ်၂တပ်ရင်း #နိုင်ကျဉ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10