မိတ္ထီလာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာက ၁ ဦးသေဆုံး

မိတ္ထီလာမှာ ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာက ၁ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပြည်သာယာမြောက်ရပ်ကွက်၊ အမှတ် ၁၅၁ အထက (ခွဲ) စာသင်ကျောင်းရှေ့မှာ ကျောင်းသားအချင်းချင်းရန်ဖြစ်ရာက ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၁၈ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်က စာသင်ကျောင်းရှေ့မှာ ၉ တန်း ကျောင်းသား ၂ ဦးရန်ဖြစ်ရာ အဲ့ဒီထဲက ၁၉ နှစ်အရွယ် ကိုရာဇာထွန်းကို အခြားကျောင်းသားတဦးက ချွန်ထက်တဲ့အရာတခုနဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။

 

"ကျောင်းမှာက စုံညီ(ပွဲတော်) လုပ်နေကြတာ။ အထိုးခံရတဲ့ ကျောင်းသားကလည်း အပြင်အရပ်ဝတ်နဲ့ပဲ။ ကျောင်းဝတ်စုံမဝတ်ထားဘူး။ ထိုးတဲ့ကလေးကလည်း ထိုးပြီး ထွက်ပြေးသွားလို့ ပတ်ဝန်းကျင်အပြောအရ ကျောင်းသားလို့ပဲ သိရတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

ချွန်ထက်တဲ့အရာနဲ့ ထိုးခံရလို့ ကိုရာဇာထွန်းမှာ လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာ ၂ ချက်ရပြီး မိတ္ထီလာဆေးရုံပို့ဆောင်ချိန် ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

 

ကိုရာဇာထွန်းကို ထိုးသွားတဲ့ကျောင်းသားက အမှတ် (၁၅၁) အထက ခွဲကျောင်းကလို့သာ သိရပြီး ထွက်ပြေးနေတဲ့အတွက် သူနဲ့ပက်သက်တဲ့အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

စာတည်း - လင်း

 

 

#မြေလတ်အသံ

#မန္တလေး #မိတ္ထီလာ #ကျောင်းသားအချင်းချင်းရန်ဖြစ် #တဦးသေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10