မိလ္လာကျင်းတဲ့ကျသူ ၃ ဦးအနက် ၁ ဦးအသက်ရှူကြပ်သေဆုံးပြီး ၂ ဦးဆေးကုသနေရ

မိလ္လာကျင်းတဲ့ကျသူ ၃ ဦးအနက် ၁ ဦးအသက်ရှူကြပ်သေဆုံးပြီး ၂ ဦးဆေးကုသနေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ် (၅) ရပ်ကွက်၊ ရေဝင်ရပ်ရှိ နေအိမ်တလုံးမှာ အိမ်သာကျင်းသစ် တူးဖော်ပြီး ကန်ဟောင်းကို ဖောက်ချစဥ် အသက်ရှုကြပ်ပြီး ၁ ဦးသေဆုံး ၂ ဦး အရေးပေါ်ပို့ဆောင် ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ကျင်းတူးလုပ်သား ဦးသန်းဇော်ထွန်း ၃၅ နှစ်နဲ့ အဖွဲ့ဟာ အနက် ၁၆ ပေ၊ အကျယ် ၃ ပေခန့်ရှိ အိမ်သာကျင်းအသစ်ကိုတူးပြီးနောက် ကိုသန်းဇော်ထွန်းက အိမ်သာကျင်းအဟောင်းဘက်က မြေသားကို တူးဖောက်ပြီး အပေါ်ကို ကြိုးနဲ့တွယ်တက်စဥ် အောက်ဆီဂျင်ပြတ်ပြီး ကျင်းထဲပြန်ပြုတ်ကျခဲ့ပါတယ်။

ကိုသန်းဇော်ထွန်းပြုတ်ကျသွားလို့ ဦးအောင်အောင် ၅၀ နှစ်က ဆင်းကယ်စဥ် ထပ်မံမေ့လဲကျခဲ့ပြီး ကျင်းတူးလုပ်သားခေါင်းဆောင် ဦးမြတ်ကျော် ၆၀ နှစ်မှ ထပ်မံဆင်းကယ်ချိန် ၃ ဦးစလုံး ကျင်းထဲ နစ်မြှုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

"မိလ္လာကန်ဟောင်းဘက်က ပေါက်ကျလာတဲ့ အနံတွေကပြင်းတော့ တယောက်အပေါ် မတက်နိုင်ဘဲ ကျတယ်။ အဲ့ဒါကိုဆင်းကူရင်း တယောက်ပြီးတယောက်ကျတာ။ မီးသတ်နဲ့ လူမှုကူညီရေးတွေ ကယ်တင်မှ ကျင်းပေါ်ရောက်လာကြတာ"လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီနောက် မိလ္လာကျင်းထဲ နစ်နေသူ ၃ ဦးစလုံးကို အသက်ရှင်လျက် ညောင်ဦးဆေးရုံကို ပို့ဆောင် ပေးခဲ့ပြီး ဆေးရုံရောက်ချိန်မှာ အရင်ဆုံး ကျင်းထဲပြုတ်ကျခဲ့တဲ့ ကိုသန်းဇော်ထွန်းဟာ အသက်ရှုမဝတဲ့ အခြေအနေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဦးအောင်အောင်နဲ့ ဦးမြတ်ကျော်တို့ကိုတော့ လက်ရှိမှာ ဆေးကုသလျှက်ရှိနေပြီး စိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #မိလ္လာကျင်းတူးဖော် #ပြုတ်ကျ #အသက်ရှူကြပ် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10