မိုင်းခွဲခံရတဲ့ဓါတ်တိုင်တွေ လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရလို့ ၁ ဦးသေဆုံးဟုဆို

မိုင်းခွဲခံရတဲ့ဓါတ်တိုင်တွေ လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရလို့ ၁ ဦးသေဆုံးဟုဆို

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာ ပေါက်မြောင်းတံတားအနီးမှာ မိုင်းခွဲခံရလို့ ပျက်စီးနေတဲ့ဓာတ်တိုင်တွေကို လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ယနေ့မေလ ၈ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူပေးထားတဲ့ မြို့နယ်လျှပ်စစ်က မီးတိုင်ပြင်တဲ့အဖွဲ့ကို လက်နက်ကိုင်အဖွဲ့တခုက ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။


"ပြီးခဲ့ရက်ပိုင်းက ပေါင်မြောင်းတံတားကမီးတိုင်မိုင်းကွဲထားတာကို လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရတာပါ။ ဒီမနက်ဖြစ်တာပါဆို ၃ ခါရှိပြီ၊ မီးပြင်တဲ့အဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတာ။ အရင်ရက်တွေကတော့ လူမထိဘူး။ ဒီမနက်မှာ မီးလာပြင်တဲ့အဖွဲ့က လူတော့များတယ်။ လုံခြုံရေးလည်းပါတယ်။ ဒရုန်း ၂ စင်းနဲ့ ဗုံးလာချတာ" လို့ ပြောပါတယ်။

ဒရုန်းဗုံးထိလို့ အသက် ၄၀ နှစ်ခန့်ရှိ ဦးမင်းသိန်း စည်ပင်နေ့စားဝန်ထမ်း အောင်သုခရပ် ကျောက်ကြီးမြို့နေသူ သေဆုံးပြီး နတ်သံကွင်းကျေးရွာ ၃ ရပ်ကွက်နေ EPC နေ့စားဝန်ထမ်း အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးသွားသူတွေကိုတော့ ကျောက်ကြီးဆေးရုံကို ပို့ထားရပြီး မီးတိုင်ပြင်တဲ့လုပ်ငန်းကိုတော့ ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်ဆောင်ခဲ့တယ်ဆိုတာ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၄ ရက်ညပိုင်းက နောင်ကုန်းရွာ၊ ပေါက်မြောင်းတံတားအနီးက ဓာတ်တိုင် ၂ တိုင်ကို လက်နက်ကိုင်အဖွဲ့တခုက မိုင်းထောင်ဖောက်ခွဲခဲ့လို့ ဓာတ်တိုင်တွေလဲကျ ပျက်စီးခဲ့တာပါ။

ဓါတ်အားလိုင်းမှာ ပဲနွယ်ကုန်း - ကျောက်ကြီးကို သွယ်တန်းထားတဲ့ 33 Kv ဓာတ်အားလိုင်း ဖြစ်ပြီး ကျောက်ကြီးမြို့ထဲမှာ မီးပြတ်တောက်နေတာ ၅ ရက်ခန့် ရှိပြီလို့ ဆိုပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10