မိုင်းဆွဲဖို့စောင့်နေတဲ့ PDF တွေ အဝိုင်းခံရပြီး စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်

မိုင်းဆွဲဖို့စောင့်နေတဲ့ PDF တွေ အဝိုင်းခံရပြီး စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ပန်းညိုကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲဖို့စောင့်နေတဲ့ PDF တွေ အဝိုင်းခံရပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း ဂဠုန် PDF နတ်မောက်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက် မွန်လွဲ ၂ နာရီဝန်းကျင်မှာ ပန်းညိုကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲဖို့ စောင့်နေတဲ့ PDF တွေအဝိုင်းခံရပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်ဖြစ်ခဲ့တယ်လို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း ဂဠုန် PDF နတ်မောက် ဗိုလ်အောင်ဒင်က ပြောပါတယ်။

“စစ်တပ်က လာဝိုင်းတာ၊ ရဲဘော်တွေက စစ်တပ်တက်လာတာကိုမြင်ပြီးတော့ အပြန်အလှန် ပစ်ခတ်ကြတယ်။ စစ်တပ်ဘက်က လက်နက်ကြီးသမားကို အရင်မှန်တာ၊ ဒုတိယတဦးက လက်ကိုမှန်တော့ ပြတ်သွားတယ်။ နောက်တဦးက စိုင်ကောင်းစခန်းရောက်တော့ ထပ်သေတယ်” လို့ ဗိုလ်အောင်ဒင်က ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ကောင်စီဟာ ဒဏ်ရာရတဲ့သူတွေကို ထမ်းစင်နဲ့ထမ်းပြီး စိုင်ကောင်းစခန်းကို ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

“သူတို့ဘက်က ကျကျန်ခဲ့တဲ့ ၆၀မမ အဖူး ၁ ဖူး သိမ်းဆည်းရခဲ့တယ်” လို့ ဗိုလ်အောင်ဒင်က ဆက်ပြောပါတယ်။

အဲဒီအပြန်အလှန်ပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်သေဆံးမှုမရှိဘူးလို့ သူက ပြော ပါတယ်။

တိုက်ခိုက်မှုကို နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း ဂဠုန် PDF နတ်မောက် နဲ့ ၉၀၂ တပ်ရင်းတို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်က ရွာမွန်ရွာ ကပစ တပ်က စစ်သားတွေနဲ့ တောင်တွင်းကြီး ကပစ ၁၇ က စစ်သားတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်၊ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း ဂဠုန် PDF နတ်မောက် စခန်းကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #နတ်မောက်မြို့နယ် #ပန်းညိုကျေးရွာ #စစ်ကောင်စီ #စစ်ကြောင်း #မိုင်းဆွဲ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10