မိုင်းထိလို့ ဆေးရုံတက်ကုနေရတဲ့ PDF ၁ ဦး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံရ

မိုင်းထိလို့ ဆေးရုံတက်ကုနေရတဲ့ PDF ၁ ဦး စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခြင်းခံရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူဆေးရုံမှာ မိုင်းထိလို့ ဆေးကုသနေရတဲ့ PDF ၁ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

 

ဇူလိုင် ၄ ရက်မှာ တောင်ငူဆေးရုံကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး မိုင်းထိလို့ဆေးကုသနေတဲ့ တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းက ရဲဘော်ဝိုင်းချစ် ၂၇ နှစ်ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

 

"သူက အလုပ်ကိစ္စနဲ့ ခြေလျင်သွားချိန်မှာ မိုင်းထိပြီး ဘယ်ခြေထောက်ပြတ်ဒဏ်ရာရလို့ ဆေးရုံတက်ကုနေတာ။ စကစဘက်က ဘယ်လိုသတင်းရပြီး လာဖမ်းသွားလဲဆိုတာ မသိရဘူး။ သူကိုက ကံဆိုးတာပါ။ အများပြည်သူ သွားနေတဲ့လမ်းမှာ ရွာသားတွေအများကြီး သွားလာနေကြတာ။ သူပဲ  စကစ ထောင်ထားတဲ့ မိုင်းထိသွားတာ။"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။

 

အဲ့ဒီရဲဘော်ကိုတော့ စစ်ကောင်စီဘက်က ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

 

ဇူလိုင် ၂ ရက်မှာ ရဲဘော်ဝိုင်းချစ်နဲ့ အဖော်တဦးဟာ အလုပ်ကိစ္စနဲ့ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာကို ခြေလျင်သွားချိန် စည်ပိုင်းရွာအနီးမှာ မိုင်းထိခဲ့တာလို့ သိရပါတယ်။

 

ရဲဘော်ဝိုင်းချစ်ကို စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးသွားပြီးနောက် စည်ပိုင်းရွာဘက်ကိုလည်း သွားရောက်စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူ #မိုင်းထိ #ဆေးရုံတက် #PDF #စစ်ကောင်စီ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10