မိုင်းထောင်နေချိန် မတော်တဆဖြစ်ပြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံး

မိုင်းထောင်နေချိန် မတော်တဆဖြစ်ပြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာမှာ မိုင်းထောင်လာတဲ့ အမျိုးသား ၃ ဦး မတော်တဆမှုဖြစ်ပြီး မိုင်းပေါက်ကွဲခဲ့ရာက ၂ ဦးသေဆုံးပြီး ၁ ဦးကပျောက်ဆုံးနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဆီက သိရပါတယ်။

အဲ့ဒီအမျိုးသားတွေဟာ ဩဂုတ် ၂၇ ရက် မနက် ၈ နာရီကျော်ခန့်မှာ ညောင်ပင်ဝန်းကျေးရွာရှိ Lucky လက်ဖက်ရည်အနီးမှာ မိုင်းလာထောင်ချိန် မိုင်းမတော်တဆဖြစ်ပြီး ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"မိုင်းက ဘယ်လိုဖြစ်ပြီး ထကွဲလဲဆိုတာတော့ သေချာမသိရသေးဘူး။ သွားတာက ၃ ဦး။ ခုလောလောဆယ်မှာ မိုင်းပေါက်ကွဲလို ၂ ဦးသေတယ်။ ၁ ဦးပျောက်နေတယ်လို့တော့ သိထားရတယ်"လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

မိုင်းမတော်တဆဖြစ်လို့ သေဆုံးသွားသူတွေနဲ့ ပျောက်ဆုံးနေသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို လတ်တလောမသိရသေးဘူးလို့ ဆိုပါတယ်။ 

မိုင်းပေါက်ကွဲတဲ့နေရာဟာ စစ်ကောင်စီအဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေ ကင်းပုန်းဝပ်တာနဲ့ သွားလာလှုပ်ရှားတတ်တဲ့နေရာဖြစ်တယ်လို့ အထက်ပါဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ညောင်ပင်ဝန်းကျေးရွာက မုံရွာ-မန္တလေးလမ်းပေါ်က စည်းကားတဲ့ကျေးရွာဖြစ်ပြီး ရဲစခန်းလည်းရှိသလို ပျူစောထီးအဖွဲ့တွေလည်း လှုပ်ရှားမှုအားကောင်းတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။ 

မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသွားသူတွေရဲ့အလောင်းတွေကိုတော့ စစ်ကောင်စီအဖွဲ့တွေဘက်ကလာရောက်စစ်ဆေးပြီး သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မိုင်းပေါက်ကွဲ #သေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10