မိုင်းမတော်တဆဖြစ်လို့ ကျဆုံးခဲ့တဲ့ ဒုတပ်စိတ်မှူးရဲ့ နာရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့အခြေစိုက်၊ ယင်းမာပင်ခရိုင်တပ်ရင်း၂၁ က ဒုတပ်စိတ်မှူး သက်ပိုင်စိုး (ခ) မှုံကြီးဟာ စက်တင်ဘာ ၄ ရက် မနက် ၉နာရီကျော်မှာ မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့ပါတယ်။

ဒုတပ်စိတ်မှူး သက်ပိုင်းစိုးဟာ ရဲဘော် ၅ ဦးနဲ့အတူ စစ်ကောင်စီတပ်သွားလာမယ့် လမ်းကြောင်းမှာ မိုင်းထောင်နေချိန်မှာ မိုးရွာခဲ့တာကြောင့် မိုင်းနဲ့ ဘတ္ထရီတွဲတဲ့အချိန်  ဝါယာရှော့ဖြစ်ကာ ပေါက်ကွဲသွားတာလို့ ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေး တာဝန်ခံ ATက ပြောပါတယ်။

ကျောက်လုံးကြီး KLG တပ်မဟာဆိုတာ ယင်းမာပင်ခရိုင်တပ်ရင်း ၂၁၊ ၂၂၊ ၂၃တို့နဲ့ပူးပေါင်းထားတဲ့ တပ်မဟာဖြစ်တာကြောင့် ရဲဘော်သက်ပိုင်စိုးရဲ့ နာရေးကိုတော့ တပ်ရင်း ၃ ရင်းက ရဲဘော်တွေ အပါအဝင် ဒေသခံပြည်သူတွေ အင်အား ၁၅၀ကျော်နဲ့  မနေ့က နေ့လယ် ၂နာရီကျော်မှာပဲ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ATက ပြောပါတယ်။

ရဲဘော် သက်ပိုင်စိုးဟာ မင်းကင်းမြို့ နယ်ဇာတိဖြစ်ကာ KLG တပ်မဟာမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နေတာ ၂ နှစ်ကျော်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းချိန် နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးကာလတလျှောက် ကျောက်လုံးကြီး KLG တပ်မဟာက ကျဆုံးရဲဘော်စုစုပေါင်း ၂၅ ဦးရှိပြီလို့သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #ကျောက်လုံးကြီး #KLGတပ်မဟာ #ဒုတပ်စိတ်မှူး #ကျဆုံး #နာရေး #မိုင်း #မတော်တဆ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10