မိုင်းရှင်းလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့ကနေ မိုင်းရှင်းလင်းရေးလာတဲ့ တပ်မ ၁၀၁ က စစ်သားနဲ့ ညောင်ဂျစ်ပင်ရွာက ပျူစောထီးတွေကို ညောင်ဂျစ်ပင်နဲ့ ကန်တော်ရွာအကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်အဖွဲ့က မိုင်း ၂ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တပ်မ ၁၀၁ က စစ်သားနဲ့ ညောင်ဂျစ်ပင်ရွာက ပျူစောထီး အင်အား ၇၀ ကို ဧပြီ ၁၉ ရက်နေ့လယ် ၂ နာရီဝန်းကျင်မှာ မိုင်း ၂ ပွိုင့် မိုင်း ၅ လုံးဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသလို ကျန်သူများလည်း ဒဏ်ရသူထွက်ပြေးသွားကြတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Black Cobra၊ PKU Thurein၊ DMG ဓါးမင်းကြီး အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်သားနဲ့ ပျူစောထီးတွေက မိုင်းဆွဲခံရပြီးနောက် ပခုက္ကူမြို့ဘက်ကို ပြန်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကလည်း ပေါက်မြို့ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၇၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့က ညောင်ဂျစ်ပင်နဲ့ ကန်တော်ရွာအကြားမှာ ဒရုန်းနဲ့ ဗုံးကြဲချခဲ့ရာ စစ်အုပ်စုဘက်က ၇ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပေါက် #တပ်မ၁၀၁ #စစ်သား #ပျူစောထီး #မိုင်းဆွဲတိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10