မိုင်းရှင်းလာတဲ့ပျူ‌စောထီးအုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးဟုဆို

မိုင်းရှင်းလာတဲ့ပျူ‌စောထီးအုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်တီးတောရွာနဲ့ ဇီးဖြူကုန်းရွာက ပျူပူးပေါင်းအဖွဲ့ မိုင်းရှင်းထွက်လာတာကို ဧပြီလ ၅ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၁၅ ဦးနဲ့ မိုင်းရှင်းလာတဲ့ ပျူစောထီးတွေကို ဂျိုးမြေဇင်း လမ်းပိုင်းတနေရာမှာ မနက် ၈ နာရီလောက်က ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ မှ ရဲဘော်ဗလကြီးက ပြောပါတယ်။


"ပျူစောထီး ၁၅ ဦးလောက်‌ ခြေလျင်မိုင်းရှင်းထွက်လာတာကို ဂျိုးမြေဇင်း လမ်းပိုင်းတနေရာမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ၃ ကြိမ် တိုက်ခိုက်လိုက်တာ၊ နေရာတင် ပျူ ၄ ကောင် သေတယ်" လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ကူတို့ဆိပ်ရွာသား ကိုကုလား၊ ကိုတင်ကြူး၊ ကိုကုခြား တို့သေဆုံးခဲ့ပြီး စစ်ကောင်စီခန့် ၇ ရွာအုပ်ချုပ်ရေးမှူး တည်တီးတောရွာ မောင်ဆန်းနဲ့ သက်ဇော်ဦးတို့ကတော့ ဒဏ်ရာပြင်းထန်လို့ ရွှေဘိုဆေးရုံတင်ထားရပြီး ပျူ ကိုဝင်းဌေး က ပျောက်ဆုံးနေပြီး သေဆုံးတယ်လို့လည်း သတင်းထွက်နေတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကို မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေရဲ့မြင်တွေ့ချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပေမယ့် မြေလတ်အသံအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး( T.T.T)-ရွှေဘို(LPDF)အဖွဲ့၊ တောင်သူကြီးများအဖွဲ့ -LDF၊ ဖား‌ရွှေ‌ကျော်-ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ DOG KILLER- SHWEBO PEOPLE DEFENCE FORCE၊ မတစ်ထောင်( တစ်ကောင်ဘွား ) - ဒီပဲယင်းအဖွဲ့နဲ့ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်အင်အားစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်ကလည်း ရွှေဘိုမြို့ ဇီးဖြူကုန်းရွာထွက်လာတဲ့ စစ်သား၊ ရဲ နဲ့ ပျူစောထီးတွေကို ဇီးဖြူကုန်းမြောက်ပေါက် ဦးတင်နွဲ့ဇရပ်အနီးမှာ ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ဇော်လှိုင်ဦးနဲ့ ပျူစောထီး ၁ ဦးသေပြီး၊ ရဲတပ်သား သိန်းဇော် ဒဏ်ရာရခဲ့သေးတယ်လို့ ဆိုပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10