မိုင်းလာရှင်းတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဟုဆို

မိုင်းလာရှင်းတဲ့စစ်အုပ်စု တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာအနီးမှာ မိုင်းလာရှင်းတဲ့စစ်ကောင်စီတပ်သားတွေ မတ်လ ၄ ရက် မနေ့မနက် ၁၁နာရီကျော်လောက်မှာ တိုက်ခိုက်ခံရတာကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ PDFတာဝန်ရှိသူက ပြောပါတယ်။

နုံးတွင်းခြေတော်ရာအမြောက်တပ်ကနေ အင်အား ၂၀ ကျော်နဲ့မိုင်းရှင်းဖို့လာချိန် လယ်ကြီးကျေးရွာနဲ့နတ်ခရိုင်ကျေးရွာကြားအရောက်မှာ ရှေ့ထွက်မိုင်း ၃ လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Farmers Revolution Force (SGG)မှပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"စကစတွေက ခြေလျင်လာကြတာ။ မိုင်းတွေကတော့ ကျနော်တို့နဲ့နောက်တစ်ဖွဲ့ထောင်ထားတဲ့မိုင်းတွေပါ။ အဲ့ဒါကိုသတင်းရလို့လာရှင်းတာ။ အဲဒီအချိန်မှာ ကျနော်တို့ကစောင့်ကြိုပြီးတိုက်ခိုက်ခဲ့တာ။ ကျနော်တို့ မိုင်းဆွဲလိုက်တဲ့အချိန်မှာ ၃ကောင်က ပွဲချင်းပြီးသေတယ်။ ၇ ကောင်ကတော့ သွေးသံရဲရဲထွက် ပြီးတော့ကားနဲ့တင်သွားတယ်။ သေဆုံး၊ဒဏ်ရာရတာကိုတော့ ကျနော်တို့မျက်မြင်ပါပဲ" လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က အဲ့ဒီနေရာနဲ့အနီးတဝိုက်ကို စက်လက်တွေနဲ့ပစ်ခတ်ခဲ့ပြီး ဒဏ်ရာရတဲ့တပ်သားတွေကို အရပ်သားကားတစီးနဲ့တင်ဆောင်သွားခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Farmers Revolution Force (SGG) နဲ့ စစ်ကိုင်းဖိုက်တာအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်သလို ကာကွယ်ရေးရဲဘော်တွေအနေနဲ့ အထိအခိုက်မရှိပြန်လည်ဆုတ် ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂ ရက်နေ့မှာလည်း စစ်ကိုင်းမြို့ပေါ်ကနေ နုံးတွင်းခြေတော်ရာအမြောက်တပ်ထဲကိုမောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးစီးနင်းလာတဲ့ကားတစီးကို F.R.Fအပါအဝင် ပူးပေါင်းအဖွဲ့တွေက မိုင်း ၄ လုံးဆွဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ဒဏ်ရာရမှုတွေရှိတယ်လို့သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10