မိုင်းလာရှင်းတဲ့ စစ်အုပ်စုရှေ့ပြေးပွိုင့်တပ်စိတ် မိုင်းထိပြီး ၄ ဦး သေဆုံး

မိုင်းလာရှင်းတဲ့ စစ်အုပ်စုရှေ့ပြေးပွိုင့်တပ်စိတ် မိုင်းထိပြီး ၄ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်း မိုင်းရှင်းဖို့ထွက်လာတဲ့ အင်အား ၆ ဦးပါရှေ့ပြေးပွိုင့်တပ်စိတ်စစ်ကြောင်း မတ်လ ၁၇ ရက် ညနေ ၄ နာရီခန့်မှာ ဆေးမင်းတောရွာမြောက်ဘက်ရှိ အင်းနားလမ်းခွဲမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။



လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းတွေဖြတ်သန်းမယ့် လမ်းပိုင်းကို မိုင်းလာရှင်းတဲ့ တပ်မ ၇၇ လက်အောက်ခံ စစ်ကောင်စီတပ်သားတွေဖြစ်ပြီး ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ ၄ ဦး သေဆုံးတယ်လို့ Yaw Revolution Army-ထီးလင်းခေါင်းဆောင် သခင်ဇော်က မြေလတ်အသံကို ပြောပါတယ်။

“ယာဉ်တန်းလာမယ့် လမ်းကြောင်းကို မိုင်းရှင်းတဲ့ရှေ့ပြေးပွိုင့်တပ်စိတ် ၆ ယောက်အဖွဲ့တွေက ကျနော်တို့ မိုင်းကွင်းထဲရောက်လာတာ၊ ပဒေသာမိုင်း ၁၂ လုံးနဲ့ဆွဲလိုက်တာ ၄ ယောက်သေတယ်။ သူတို့က ရှေ့ပြေးပွိုင့် နောက်ကစစ်ကြောင်းမှာ ကျန်တာအယောက် ၃၀ လောက်ရှိတယ်” လို့ ပြောပါတယ်။



သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဟာ ဂန့်ဂေါခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတခုရဲ့ တပ်ကြပ်ကြီးအဆင့် ၁ ဦး၊ ဒုတပ်ကြပ်အဆင့် ၁ ဦး နဲ့ တပ်သား ၂ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မိုင်းဆွဲခံရပြီးနောက် ထီးလင်း - ဂန့်ဂေါလမ်းမကြီးအတိုင်း ဂန့်ဂေါဘက်ကို ဦးတည်ဆက်သွားနေတယ်လို့ သူကဆက်ပြောပါတယ်။



မတ်လ ၁၅ ရက်နဲ့ မတ်လ ၁၆ ရက်တွေမှာလည်း ပခုက္ကူမြို့နယ်ကနေ ထီးလင်းမြို့နယ်ထဲ လူ၊ လက်နက်၊ ခဲယမ်းတွေ တင်ဆောင်လာတဲ့ တပ်မ ၇၇ စစ်ကောင်စီယာဉ်တန်း ၃၂ စီးကို ထီးလင်းမြို့နယ်အတွင်းမှာ ၅ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားထိခိုက်သေဆုံးတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10